ကျူးကျော်ရပ်ကွက်က လူ (၁၀၀၀) ကို ထမင်းအဝကျွေးလိုက်တဲ့ ကိုပူတူးနဲ့ ဘော်ဒါများ အဖွဲ့
အဖွား အသက်(၉၁)နှစ်ရှိပြီ သား…ဒီနေ့ အဖွား ထမင်းစားဖို့ မပူရတော့ဘူး။
လာကြဟေ့… မလုကြပါနဲ့…တန်းစီးပါ…လူ(၁၀၀၀)စာ အဝကျွေးမှာ၊ အလှူရှင် မမီးမီး မွေးနေ့အလှူအဖြစ် ဆင်းရဲနွမ်းပါး ကျူးကျော်းရပ်ကွက်ရှိ လူဦးရေ (၁၀၀၀) စာအား ထမင်း / ဘဲဥသီးစုံဆီပြန်ချက် / အာလူးကြော် / ဘာလာချာင်ကြော် တို့ဖြင့် အိမ်ရှိ လူအကုန်အား…ဝဝလင်လင် ကျွေးမွေးခဲ့ပါသည်။
အရမ်း စားကောင်းတာပဲ…ပြီမှပဲ ဆိုက်ကားသွားနင်းတော့မယ်…ခု တခါတည်းစားသွားမယ်။ ဆရာရေ…ကျနော် ထမင်းတအား စားကောင်းတာပဲ…ဘာလာချောင်ကြော်လေး နည်းနည်း ထပ်ရနိုင်မလား။ အရမ်း ပျော်တယ်…ဒီနေ့ လူ(၁၀၀၀)စာ ဝဝလင်လင် ကျွေးလိုက်ရတာ အားရတယ်။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးသော (၇)ရက်သားသမီးများအား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…ဒီနေ့ တရက် သူတို့လေးတွေ အပူပင်ကင်းစွာ စားနိုင်တာလေး ကြည့်ပြီ…ပီတိဖြစ်မိတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ