အံဩစရာ အစွမ်းရှိတဲ့ ကျောက်လက်ဝါး အကြောင်း သိကောင်းစရာနဲ့ အတုအစစ် ခွဲခြားနည်း

ကျောက်လက်ဝါး ကိုကျောက်နံရံ ကျောက်ကမ်းပါး ရေစပ်ကျောက်တုံးတွေမှာ အများဆုံးတွေ့ရတတ်ပါသည်။ သယံဇာတ သဘာဝက လူသားတစ်ယောက်ရဲ့ လက်အတိုင်း အနေအထား၊ အတိုင်းအထွာ၊ အဆစ်အမြစ်၊ အကြောတွေကစပြီး ဖြစ်ပေါ်နေတာဟာ အံ့ဩစရာကောင်းလောက်အောင် ပီပြင်လှတာကို တွေ့ရပါသည်။

ကျောက်သားလို မာကျောပြီးနေပါသည်။ ကျောက်တုံးကျောက်နံရံတွေမှာ တွေ့ရသလို၊ မြေကြီးအတွင်းမှာလည်း တူးဖော်လို့ ရတတ်ပါသည်။ ကျောက်တုံး၊ ကျောက်ကမ်းပါး၊ ကျောက်နံရံတွေနဲ့ ရေစပ်မှာရတဲ့ ကျောက်လက်ဝါးရဲ့အနံ့ဟာ ညှီတယ်ရိုင်းတယ်။ အလွယ်တကူယူလို့မရပါဘူး။

မြေကြီးထဲကရတဲ့ ကျောက်လက်ဝါးက မြေသင်းနံ့သင်းတယ်၊ ယဉ်တယ်၊ အသက်မပါတဲ့ သစ်သီး၊ သစ်ဥ၊ သစ်ဖုတွေ ကျွေးပြီး သုံးတတ်ရင် အသုံးဝင်လို့ အဆောင်ထားကြပါသည်။

ကျောက်လက်ဝါးရတဲ့လူတွေဟာ စိတ်စေတနာကောင်းသော သူတော်ကောင်းတွေဆိုရင် မြေကြီးထဲကရတဲ့ ကျောက်လက်ဝါးကို ရေစင်အောင်ဆေးကြောပြီး ပေါက်ပေါက်တို့၊ ဖွဲနုတို့နဲ့ အစာကျွေးဆောင်ထားပြီး နာကျင်ကိုက်ခဲတဲ့ ဝေဒနာခံစားရသူတွေကို နှိပ်ပေးရင် ဝေဒနာပျောက်ကင်းပါသည်။ အရိုးရောဂါအကြောရောဂါရှိသူတွေကို နှိပ်နယ်ပေးရင် ပျောက်ကင်းပါသည်။

ကောင်းတဲ့နေရာမှာလည်း အချို့သောလူများကလည်း အသုံးပြုတတ်တာတွေလည်း ရှိတတ်ပါသည်။ သူယုတ်မာတွေရဲ့ လက်ထဲရောက်တဲ့ ကျောက်လက်ဝါးဆိုရင် အသားငါးတွေကျွေးလို့ အိမ်မှာ အခိုင်းအစေသဘောနဲ့ထားပြီး သူယုတ်မာစိတ်ထားနဲ့ ဘယ်သူ့ကို လုပ်လိုက်စမ်း၊ ဘယ်သူ့ပစ္စည်းသွားဖျက်စီးလိုက်စမ်း၊ ခြောက်လှန့်လိုက်စမ်းလို့ ခိုင်းကြတယ်။

အစာမှန်မှန်မကျွေး၊ မနိုင်ဘဲဆောင်ထားရင် ခိုင်းတဲ့လူကို ပြန်အန္တရာယ်ပေးတတ်သေးတယ်လို့ ကြားဖူး ပါသည်။ အောက်လမ်းဆရာတောင် ကျောက်လက်ဝါးအရိုင်း ပိုင်ဆိုင်တဲ့ အောက်လမ်းဆရာဆိုရင် ရိုးရိုးအောက်လမ်းဆရာထက် ပိုပြီး တန်ခိုးထွားတာတွေလည်း တွေ့မြင်ဘူးပါသည်။

ကျောက်လက်ဝါးတိုင်းလည်း ထူးခြားသည့် တန်ခိုးများတော့ မရှိကြပါဘူး။ ကျောက်လက်ဝါးမှာ အသေရယ် အရှင်ရယ် ဆိုပြီး နှစ်မျိုးရှိပါသည်။ အရှင်မှာတော့ စောင့်ရှောက်သော အစောင့်အရှောက်ရှိတတ် ပြီးတော့ အသေမှာတော့ ဘာအစောင့်အရှောက်မှ မရှိကြပါဘူး။

စောင့်ရှောက်သော အစောင့်အရှောက်ဆိုသည်မှာလည်း ကောင်းသောအစောင့်အရှောက်နဲ့ မကောင်းသောအစောင့်အရှောက်ဆိုပြီး နှစ်မျိုးလည်း ရှိပြန်ပါသည်။ အကယ်၍ မိမိမှာ ကျောက်လက်ဝါးတစ်ခု ပိုင်ဆိုင်ခဲ့ပါက ကျောက်လက်ဝါးကို အရှင်လားအသေလား အရင်ဆုံးခွဲခြားရပါလိမ့်မည်။

ခွဲခြားနည်းကတော့ ထမင်းအိုးနှပ်တဲ့အခါမှာ ထမင်းအိုးအဖုံးပေါ်ကို ကျောက်လက်ဝါးတင်ထားလိုက်ပါ။ အဖုံးပေါ်ကနေ ခုန်ဆင်းသွားမယ်ဆိုရင်တော့ အဲဒီ ကျောက်လက်ဝါးဟာ အရှင် ဖြစ်ပါသည်။ နောက်တစ်နည်းရှိပါသေးသည်။ ကျောက်လက်ဝါးကိုစားပွဲပေါ်တင် ဆေးလိပ်မီးနဲ့ လိုက်တို့ကြည့်လိုက်ပါ။

အရှင်ဆိုရင် သံလိုက်အဖိုနဲ့အမ တွန်းကန်သလို ကျောက်လက်ဝါးဟာ ဆေးလိပ်မီးကို ရှောင်ကွင်းပြီးတော့ ဆုတ်ဆုတ်သွားပါလိမ့်မည်။ နောက်ထပ်တစ်နည်းကတော့ ကျောက်လက်ဝါးကို နိမ့်တဲ့နေရာမှာထား ရေနွေးပူကို မြင့်တဲ့နေရာကနေ လောင်းလိုက်ပါ။ ကျောက်လက်ဝါးက ခုန်ရှောင်ရင် အသက်ရှိပါသည်။

အရှင်လို့ သတ်မှတ်နိုင်ပါသည်။ အချို့သော ကျောက်လက်ဝါးများသည် နည်းနည်းများ ရှက်တတ်လို့များတော့ မသိဘူး အထက်ပါအတိုင်း စမ်းသပ်နည်းဖြင့် စမ်းသပ်လို့လည်း ဘယ်လိုမှ ထူးခြားမှုမပြသည့် ကျောက်လက်ဝါးအရှင်တွေလည်း ရှိတတ်ပါသေးသည်။

အဲ့အခါ နောက်ဆုံးနည်းလမ်းတစ်ခုနဲ့ စမ်းသပ်ရပါတော့သည်။ အဲ့နည်းကတော့ ကျောက်လက်ဝါးကို ခိုင်ခံ့တဲ့သံသေတ္တာ သစ်သားသေတ္တာ တစ်ခုခုထဲထည့်ပြီး သေသေချာချာ အလုံပိတ်ထားပြီး သော့ခတ်ထားပါ။

မနက်ကတည်းစပြီး တစ်နေ့လုံးပိတ်ထားပါ။ ည လူခြေတိတ်ပြီး အိပ်ချိန်လောက်ကြရင် သေတ္တာထဲကနေ တဝုန်းဝုန်း တဒုံးဒုံးနဲ့ ဆူဆူညံညံ အသံတွေပေးပါလိမ့်မယ်။ အဲလိုအသံတွေပေးပြီဆိုရင် သော့ဖွင့်ပြီး သေတ္တာအဖုံးလှပ်ပေးလိုက်ပါ။ ကျောက်လက်ဝါးဟာ သေတ္တာထဲကနေ သူ့အလိုလို ခုန်ထွက်သွားပါလိမ့်မည်။ ဒါဆိုရင်တော့ ကျောက်လက်ဝါးအရှင် အစစ်ပါပဲ။

သို့သော်လည်း အရှင်ဖြစ်ပြီးဆိုရုံနဲ့လည်း မပြီးသေးပါဘူး အစောင့်အရှောက်က အကောင်းလား အဆိုးလား ကြည့်ရပြန်ပါတော့သည်။ ကြက်အရှင်တစ်ကောင်နဲ့ ကျောက်လက်ဝါးကို တောင်းနဲ့ဖိအုပ်ထားပါ။ နောက်နေ့ နံနက်တောင်းဖွင့်ကြည့်လို့ ကြက်မသေရင်တော့ စောင့်သောအစောင့်မှာ ကောင်းသော သူတော်ကောင်းအစောင့်ဖြစ်ပြီး ကြက်သေနေရင်တော့ ဆိုးရွားသော အစောင့်ဖြစ်ပါသည်။ နောက်တစ်နည်းကတော အမဲနဲ့ ဝက်‌ေ-ွးတွေကို ပန်းကန်ထဲထည့် ကျောက်လက်ဝါးနဲ့အတူထားပြီး အုပ်ဆောင်းနဲ့အုပ်ထားပါ။

နောက်နေ့ လှန်ကြည့်လို့ ‌ေ-ွးတွေကုန်နေရင် မသူတော်အစောင့်ပါ။ နောက်တစ်နည်းကတော့ ကျောက်လက်ဝါးကို မြင့်မြတ်တဲ့အမြင့်တစ်နေရာရာ ဘုရားကျောင်းဆောင်တင်ထားတဲ့စင်ပေါ် နတ်စင်ပေါ်ကို တင်ထားလိုက်ပါ။

သူတော်ကောင်းအစောင့်ရှိတဲ့ ကျောက်လက်ဝါးဟာ ဘုရားကျောင်းဆောင်တင်ထားသော စင်ပေါ်၊ နတ်စင်ပေါ်မှာမနေပဲ ခုန်ချပါလိမ့်မည်။ သူယုတ်မာစောင့်သော ကျာက်လက်ဝါးကတော့ ဘုရားကျောင်းဆောင်တင်တဲ့စင် နတ်စင်ပေါ်ကနေ ခုန်လည်းမချပဲ ဘာသိဘာသာ နေပါလိမ့်မည်။

နောက်တစ်နည်းကတော့ ညအိပ်တဲ့အခါ ကျောက်လက်ဝါးကို မိမိခေါင်းရင်းထားပြီးအိပ်ပါ။ သူတော်ကောင်းစောင့်သော ကျောက်လက်ဝါးဟာ မနက်မှာ မိမိခြေရင်းမှာရောက်နေတာကို တွေ့ရပါလိမ့်မည်။ ပိုင်ရှင်ရဲ့ဦးခေါင်းပိုင်းမြင့်မြတ်တဲ့နေရာမှာ မနေတဲ့သဘောပါ။

သူယုတ်မာစောင့်တဲ့ကျောက်လက်ဝါးကတော့ ထုံးစံအတိုင်း ဘာသိဘာသာပါပဲ။ နောက်တစ်နည်းကတော့ ကျောက်လက်ဝါးကို အိမ်မှာ သူ့ချည်းပဲထားခဲ့ပြီး အိမ်သူအိမ်သားတွေအားလုံး အပြင်ထွက်ပြီး တစ်နေရာရာကနေ မသိမသာလေး ချောင်းကြည့်နေပါ

သူတော်ကောင်းစောင့်တဲ့ကျောက်လက်ဝါးက သူ့ဘာသာသူငြိမ်ငြိမ်လေးနေပြီး အိမ်အနီးအနား အိမ်ထဲ ကို ခိုးဝှက်ဖို့ မသမာစိတ်နဲ့လာတဲ့သူကို အရိပ်အယောင် သိသာမြင်သာအောင် ကြောက်လန့်အောင်ပြုလုပ်ပြပြီး အိမ်ထဲမဝင်ရောက်နိုင်အောင် စောင့်ရှောက်ပေးပါသည်။

အိမ်သူအိမ်သားတစ်ဦးဦးကိုလည်း အိမ်အနီးမှာ လူစိမ်းကပ်နေတာကိုသိအောင် ညှို့တတ် အရိပ်နိမိတ်ပေးပါသည်။ သူယုတ်မာစောင့်ကျောက်လက်ဝါးကတော့ သူ့ချည်းထားခဲ့ကြည့်ပါက အိမ်နံရံ ထရံ အမိုးအကာတွေကို ကျိုးပဲ့ပျက်စီးအောင် ဖျက်ဆီးတတ်ပါသည်။ အိမ်အနီးဝန်းကျင်လာတဲ့ လူ ခွေး နွား တိရစ္ဆာန် အကုန် ဒုက္ခိတကနေ ရောဂါရ ပျက်စီးတဲ့အထိ လုပ်တတ်ပါသည်။

လယ်ယာပိုင်ရှင်များအတွက်တော့ သူတော်ကောင်းစောင့်တဲ့ ကျောက်လက်ဝါးအရှင်ဟာသင့်တော်ပါသည်လယ်ယာမြေအလယ်မှာ ထားခဲ့ပါ။ ဘယ်လိုအကောင်မျိုးမှလာပြီး အခင်းတွေမဖျက်ရဲတော့ဘူး။ စိုက်ခင်းထဲ ဘယ်လိုတိရစ္ဆာန်မှ ဝင်ပြီးမစားသောက်ရဲပါဘူး။ ကြောက်လန့်အောင် ခြောက်လှန့်မောင်းလွှတ် ဘေးဖယ်ထုတ်ပေးပါသည်။ မသူတော်အစောင့်ကတော့ လဲအောင် လုပ်တယ်ပေါ့။

ညာဘက် ကျောက်လက်ဝါးအရှင်ဟာ သိဒ္ဓိထူးရှိပြီး သူတော်ကောင်းစောင့်ပါသည်။ ပိုင်ရှင့်အကျိုး အထူးဆောင်ရွက် အကူအညီပေးပါသည်။ သိမ်မွေ့နူးညံ့ပါသည်။ ဘယ်ဘက်ကျောက်လက်ဝါးအရှင်ကတော့ သိဒ္ဓိထူးရှိပေမယ့်လို့ သူယုတ်မာအစောင့်ဖြစ်တာကြောင့် ပိုင်ရှင်ကိုဒုက္ခပေးပြီး ကြမ်းတမ်းရက်စက်ယုတ်မာပါသည်။

ထိုလက်ဝါးကတော့ အောက်လမ်းဆရာများအတွက် အကြိုက်ပေါ့ဗျာ။ စကားမစပ် အချို့သောအောက်လမ်းဆရာများက ကောင်းသောကျောက်လက်ဝါးများကို အရိုင်းစိတ်သွင်းပြီး ခိုင်းစေတာတွေလည်း ရှိပါသည်။ ကျောက်လက်ဝါးအသေကတော့ သိဒ္ဓိထူးမရှိတဲ့သာမန်ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page