ဆင်ကို ကျုံးသွင်း ဖမ်းတဲ့နည်းနဲ့ လက်ရှိ နိုင်ငံရေးလောကရဲ့ တကယ်ဖြစ်ရပ်မှန်

ဖေဖေငယ်ငယ်ကပြောပြတဲ့ ဆင်ကို ကျုံးသွင်းဖမ်းတဲ့နည်းပါ.. ဒါလေးဟာ အခုနိုင်ငံရေးလောက မှာ တကယ်ဖြစ်ရပ်မှန် ဖြစ်နေတယ်..

၁- ဆင်ရိုင်းတွေကိုဖမ်းတော့မယ်ဆို တောထဲတနေရာမှာ သစ်လုံးတွေ နဲ့ ဝင်ပေါက်ကျယ် ပြီး အဆုံးမှာကျဥ်းသွားတဲ့ တိုင်တွေအရင်စိုက်ထားရတယ်..

၂- မိမိပြစ်မှတ်ထားလိုတဲ့ ဆင်ရိုင်းကိုခြောက် လှန့်ပြီး ကျုံထဲရောက်အောင်မောင်းသွင်းရတာပေါ့..

၃- ကျုံးထဲရောက်တော့ ဆင်ကနောက်လှည့်ထွက်လို့မရတော့ဘူး အဲ့အချိန်မှာအနောက်ကပိတ်ပြီ ဆူးတွေ လှံတွေ နဲ့ထိုးပြီး တပတ်လောက် ပစ်ထားခဲ့ကြတယ်..

၄- တပတ်လောက်ကြာတော့ ဆင်ဖမ်းသမားတွေက ဆင်ထိန်းတယောက်ကို ရွေးချယ်ပြီး အစားအသောက်တွေနဲ့ တာဝန်ပေးလိုက်တယ်..

၅- ဆာလောင်မွတ်သိပ်နာကြင်နေတဲ့ ဆင်ရိုင်းဟာ အစာလာကြွေးတဲ့ သူကို ကျေးဇူးရှင်လို့ သတ်မှတ်လိုက်တော့တာပါဘဲ..

ဆင်ကတိရိစ္ဆာန်ဖြစ်နေတော့ သူ့ကို ကျုံးသွင်းပြီး နာကြင်ဆာလောင်မွတ်သိပ်အောင်လုပ်တဲ့ သူဟာ ဒီအဖွဲ့ဘဲဆိုတာ မသိရှာဘူး.. အစာလေးလာကြွေးပြီး ထဲက ကျေးဇူးရှင်လို့ ထင်ခဲ့မိတဲ့ဆင်ကြီးခင်ဗျာ တသက်လုံး သူတိုခိုင်းတာလုပ်ရတော့တာပေါ့..

ဆင်ကြီးသေသွားတဲ့အထိတိုင် အရိုးတွေ အရေတွေ အမြီးတွေနဲ့ ဆင်စွယ်ကိုပါရောင်းကြသေးတယ် တဲ့ကွယ်.. ဆင်ကြီးဘဝမရောက်ကြပါစေနဲ့လို့ ဆုတောင်းရင်း တွေးတောဆင်ခြင်နိုင်ကြစေရန်… (Aung Kyaw Tun)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page