မန္တလေး (၆) မြို့နယ်က ကျူးကျော်တွေ ဖျက်သိမ်းဖို့ နောက်ဆုံး သတိပေးစာ ပို့ပြီ

မန္တလေးစည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ် (၆)မြို့နယ်က ကျူးကျော်တွေကို အမြန်ဆုံးဖယ်ရှားရှင်းလင်းကြပေးကြဖို့ သတိပေးစာတွေကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေက ယခုရက်ထဲ လိုက်လံဖြန့်ဝေနေတာတွေ့ရှိနေရပါတယ်။

တရားမဝင်ကျူးကျော်တွေကို ၁၆-၁၁-၂၀၂၁ကနေ ၁၅-၁၂-၂၀၂၁အတွင်း မိမိတို့ရဲ့ အစီအစဉ်နဲ့ ဖယ်ရှားထွက်ခွာကြဖို့ ကြေညာထားခြင်း၊ ယခု သတ်မှတ်ရက်ထက် ကျော်လွန်သွားလို့ အမြန်ဆုံး ဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားရင် သူတို့ လာဖျက်မယ်လို့ ထပ်မံ အသိပေးကြောင်း စာရရှိသူ တဦးက ပြောပါတယ်။

ကျူးကျော်ဆိုတာမှာ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓါတ်အားလိုင်းမြေ၊ အစိုးရ ဌာနဆိုင်ရာမြေ၊ ပုဂ္ဂလိကပိုင်မြေ အားလုံးပေါ် ကျူးကျော်နေထိုင်နေသူအားလုံးကို ဆိုလိုတာလို့ သိရပါတယ်။

မဟာအောင်မြေမြို့နယ်ထဲက ကျူးကျော်နေထိုင်သူတွေထံကိုလည်း မြို့နယ်ကျူးကျော်နေထိုင်မှုများ ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ကျူးကျော်ထားတဲ့ အခိုင်အမာအဆောက်အဦးတွေ၊ ယာယီတဲတွေ၊ ဈေးဆိုင်တွေနဲ့ စုပုံပစ္စည်းတွေကို ဖျက်သိမ်းဖယ်ရှားပေးဖို့ အကြောင်းကြားစာတွေ လိုက်လံပေးပို့နေတာရှိပါတယ်။

အဆိုပါစာထဲမှာတော့ ဒီဇင်ဘာ ၃၀ရက် အပြီးဖျက်သိမ်းဖယ်ရှားပေးဖို့ ပြောဆိုထားတာတွေ့ရပါတယ်။

အလားတူ မြန်မာ့မီးရထားပိုင်မြေပေါ် ကျူးထားတဲ့ ၇၈-၇၉ ကြား၊၃၄-၃၅ကြား ဝန်ထမ်းတိုက်တန်း အနောက်ဘက်က ကျူးကျော်တွေကိုလည်း ဖယ်ဖို့ ဒီဇင်ဘာလ ၂၉ ရက်က သတိပေးစာ ပေးပို့ထားတာရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page