ကိုယ်တိုင်ချုပ်အိတ်လေးတွေ လမ်းဘေးချရောင်းပြီး စည်ပင်လာရင် ပြေးနေရရှာတဲ့ အဖိုး

အဖိုး လမ်းဘေးချရောင်းတော့…စည်ပင် လာမသိမ်းခင် ပြေးရတာ

အဖိုး ဦးတင်ဝင်း၊ လသာ (၂၃)လမ်းထိပ်မှာ မနက်ဆို ကိုယ်တိုင်ချုပ် အိတ်လေးတွေ ရောင်းပါတယ်။ အဖိုးရေ…ဘယ်လို ရောင်းတုန်း ဗျ၊ သား တအိတ် (၃၅၀၀)ကျပ်ပါ…အဖိုး အိတ်က ဆိုင်ကြီးတွေမှာဆို (၅)ထောင် ရောင်းကြတယ် အဖိုးက စျေးမတင်ဘူး…အဖိုး ရောင်းတာ အားလုံးထက် သက်သာတယ်။

ဟုတ် အဖိုး…အမျိုးအစားတွေ အများကြီးပဲနော်။ ဟုတ်တယ် သား…သား ဘယ်ဟာလေး လိုချင်လဲ။ ဒါ ဒီ ပုံစံ (၂)ခု ကြိုက်တယ် အဖိုး၊ အဖိုး လှတာလေး ရွေးပေးမယ်နော်…ခိုင်တာတော့ ပြောမနေနဲ့…(၂)ထပ် ချုပ်ထားတာ သားရေ

ဟုတ် အဖိုး…ဘယ်လောက်ကျလဲ၊ (၇)ထောင်ပဲ သား၊ ရော့ အဖိုး….(50,000) Ksနော်…၊ ဟာ ဒါတွေ အကုန် အဖိုးကို ပေးတာလား။ ဒါပေါ့ အဖိုးရဲ့…အဖိုးကို အကုန်ပေးတာပါ ဗျ။ အဖိုးက လမ်းဘေး စျေးသည်လေ…တခါတလေ စျေးဦးမပေါက်ပဲ…စည်ပင် လာလာသိမ်းလို့ ပြေးရတယ်။ ဝမ်းသာလိုက်တာ…အိမ်စောစော ပြန်နားလို့ရပြီ။

သား မပြန်နဲ့ အုံး…အဖိုး ဆုတောင်းပေးပါရစေ…(အကြာကြီးပဲ ဆုတွေတောင်းပေးနေတာ)၊ ဟုတ် အဖိုး…အဖိုးလဲ ဂရုစိုက်ပြီ ပြန်ပါနော်။ ကျေးဇူးပါသား…သားလဲ ဂရုစိုက်ပြီ ပြန်နော်။ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော…(၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ…အဖိုး ပြောတာလေး နားထောင်ပြီ စိတ်မကောင်းဘူး

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page