ပျောက်ကွယ်သွားတဲ့ ကြက်ဥပြုတ်ဈေးသည်တွေနဲ့ ကြက်ဥပြုတ် စားခြင်း အကျိုးကျေးဇူးများ

အရင်‌ခေတ် သုံးကားပေါင်း မိုးအလင်းရုပ်ရှင်နဲ့ ဘောလုံးပွဲမှာ ကြက်ဥပြုတ်သည် တွေ့ရတတ်တယ်။ အခုမပြောတတ်ဘူး။ တလုံးတမတ်၊နောက်သုံးလုံးတကျပ်။

ကြက်ဥပြုတ်ကို ကြိမ်ခြင်းတောင်းကြီးထဲ ထည့်ထားပြီး လှည့်ရောင်းနေတာ။ ဆားဗူးကြီးပါတယ်။ ရောင်းတာအညာသား ပုံစံများတယ်။

မြို့ပတ်ရထားစီးရင် ကြက်ဥပြုတ်သည် တွေ့ရတတ်တယ်။ အခုနောက်ပိုင်း ကြက်ဥပြုတ်အစား ငုံးဥပြုတ်သည်ပိုများလာတယ်။

ပူနွေးနွေး ကြက်ဥပြတ်ကို အခွံခွါဆားနဲ့ တို့စားရတာ အဆာပြေစေတယ်။ အရင်လက်ဖက်ရည်ဆိုင်ထိုင်ရင် တခါတ‌လေ ကြက်ဥဟတ်ဘွိုင် စားတယ်။

ကြက်ဥကို မကျက်တကျက် ပြုတ်ထားပြီး ဆားနည်းနည်းထည့်ပြီး မွှေသောက်တာပါ။ ချက်ခြင်းအားပြန်ပြည့်သလို ခံစားရတယ်။ အိပ်ရေး ပျက်နေရင် သောက်သင့်တယ်။

ဟင်းအဆင်မပြေရင် ထမင်းပူပူကို ဆီစိမ်းနည်းနည်းဆမ်းပြီး ကြက်ဥပြုတ်ငပိထောင်းလေးနဲ့ စားရင် ထမင်းမြိန်စေတယ်။

ကြက်ဥပြုတ်တစ်လုံးမှာ ၁၅၅ ကယ်လိုရီဗိုက်တာမင် D, B-12, ကယ်ဆီယမ်ဓါတ်နဲ့ ပရိုတိန်းဓါတ်ပါတယ်။ ကြက်ဥပြုတ် ပုံမှန်စားပေးရင် မျက်စိကို အားရှိစေပြီး အရိုးသန်မာစေတယ်။

ဒါပေမယ့် ကြက်ဥပြုတ်ကို အမြဲတမ်းစားရင် ကိုလက်စထရောဓါတ်နဲ့ အဆီဓါတ်ရှိသင့်တာထက် ပိုများစေတယ်။ ကြက်ဥပြုတ်ကြောင့် သွေးထဲက ကိုလက်စထရောကို မြင့်တက်ပြီး နှလုံးအန္တရယ်ရှိပါတယ်။ ကြက်ဥပြုတ်ကြောင့် ကယ်လိုရီဓါတ်များပြီ းခန္ဓာကိုယ် ဝိတ်တက်နိုင်စေတယ်။

ကြက်ဥနဲ့ ပတ်သက်ပြီး လက်ဖက်ရည်ဆိုင်က မွေးစားလိုက်တဲ့အင်္ဂလိပ်စကားက ဟတ်ဘွိုင်လ် (Half- Boiled) နဲ့ ဟတ်ဖရိုင် (Half-Fried) ပါ။

စီပီ ကြက်ဥတစ်ကဒ်ကျပ် ၁၇၀၀ ပေးရပြီး တော်တော်စားမကုန်ပေမယ့် အဆာပြေပြုတ်စားလို့ရတယ်။

လွင်ဦး(ရန်ကင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page