ပညာရေးဌာနက မဟာပညာကျော်များနှင့် အလုပ်ပြုတ် သွားရတဲ့ ကျောင်းဆရာမလေး
ကြိုတင်အကြောင်းကြားထားခြင်း မရှိပဲ စာသင်ကျောင်းတကျောင်းသို့ စစ်ဆေးရေးဆရာ ဆရာမများ ရောက်ရှိလာကြသည် စာသင်ခန်းသို့၀င်၀င်ချင်း စစ်ဆေးရေးဆရာမဖြစ်သူမှ ရှေ့ဆုံးတန်းမှကောင်လေးကို စ မေးလိုက်သည်။
“ကနောင်မင်းသားကို ဘယ်သူလုပ်ကြံတာလဲ” ကျောင်းသားဖြစ်သူက ကျနော် လုပ်ကြံတာ မဟုတ်ပါဘူးဆရာမ၊ ဆရာမဒေါသထွက်သွားသည်။
“ကနောင်မင်းသားကို ဘယ်သူလုပ်ကြံတာလဲ”ဟု ခပ်ကျယ်ကျယ်လေး တတန်းလုံးကို အော်မေးလိုက်သည်။ တတန်းလုံးကကလေးများက တညီတညာထဲပင် ကျနော်တို့ မဟုတ်ပါဘူးဆရာမတဲ့။
နောက်က ကျောင်းအုပ်ဆရာကြီးမှာ မျက်စိမျက်နှာပျက်နှင့် ၀င်ပြောလိုက်သည် ။ “ဟုတ်ပါတယ်ဆရာမရယ် ဒီကလေးတွေ ရိုးသားပါတယ်၊ သူတို့ မလုပ်လောက်ပါဘူး” စစ်ဆေးရေးဆရာမမှာ ကျောင်းအုပ်ကြီး အပြောကြောင့် ပိုဒေါသထွက်သွားကာ ချက်ချင်းပင်အခန်းထဲမှ လှည့်ထွက်၍ တိုင်စာရေးပြီး မြို့နယ်ပညာရေးမှူးသို့ ပို့လိုက်သည်။
သုံးရက်လောက် ကြာသောအခါ ပညာရေးမှူးထံမှ စာကျလာသည်မှာ ကနောင်မင်းသားသေသွားသည်မှာ ကြာပြီ ဖြစ်သဖြင့် စုံစမ်းပါနဲ့တဲ့။
ဆရာမ တောက်ခေါက်ကာ ဘယ်လိုပညာရေးမှူးလဲဆိုကာ မကျေနပ်၍ ပညာရေး၀န်ကြီးထံ တိုင်စာထပ်ပို့လေသည်။ လေးရက်လောက်ကြာသော ဆရာမကို ရာထူးကရပ်နားသောစာရောက်လာသည်။ ဆရာမှာအူကြောင်ကြောင်ဖြစ်ပြီး ပညာရေးမှူးကို အကျိုးအကြောင်း လှမ်းမေးလိုက်သည်။
ပညာရေးမှူးက “အထက်က စာရောက်လာတယ်ဆရာမ၊ ဆရာမအလုပ် ဆရာမ မလုပ်ဘဲ ထောက်လှမ်းရေး လုပ်နေလို့ ရာထူးကရပ်ဆိုင်းတာပါ” တဲ့
ငင့်… အော်….