မကွေးမှာ တွေ့ရှိခဲ့တဲ့ သတ္တဝါကြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ အကြောင်းရင်းအမှန်
ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မကွေးတိုင်း ပေါက်မြို့နယ်၊ ဝက်ပုတ် ကျေးရွာမှ ဦးနက်နဲ့ ဒေါ်မိဆိုး တို့ရဲ့ ယာတောထဲမှာ ကျောက်ဖြစ်ရုပ်ကြွင်း သဘာဝလိုဏ်ဂူ တစ်ခု တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တွေ့မြင်ရသူတိုင်း သတ္တဝါကြီးတွေရဲ့ အရိုးတွေလား၊ အပင်ကြီးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေလား ဆိုပြီးတော့ အတွေးပွားစရာတွေ ဖြစ်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ ပညာရှင်တွေကလည်း တိကျတဲ့ ဖြေရှင်းချက် မထုတ်ပြန်နိုင်သေးဘဲ ရှိနေပါတယ်။
ဒါပေမယ့် လူမှုကွန်ယက်ပေါ်မှာတော့ ပညာရှင်တဦးက ရေသွယ်မြောင်း ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းအရာကို အောက်မှာ ဖော်ပြထားပါတယ်-
“အိုးပြွန်ရေပိုက်အဆစ်တန်း – လွန်ခဲ့တဲ့ ၁လလောက်က မြန်မာမှာလည်း တွေ့တယ် တချို့က ဒိုင်နိုဆော အရိုးတောင် ထင်ခဲ့ကြသေး။
အောက်မှ မြန်မာတွေ ပုံတွေ ဖြည့်ထည့်ထားတယ် ခုဒီပုံထဲက အိုးပြွန်ရေပိုက်အဆစ်တွေက အီရန်နိုင်ငံ လိုရက်စတန်ပြည်နယ်မှာတွေ့ တာ။
၂၀၁၅ တုန်းက ဘိုရူဂျာ့မှာ ဆောက်လုပ်ရေး လုပ်ရင်းတွေ့တာ။ ခံတပ်ရဲတိုက် ၁ ခုဆီ ရေသွယ်ပို့တဲ့ စနစ်တဲ့။ မြန်မာကဟာကလည်း အရေးပါတဲ့နေရာ ၁ ခုဆီ ရေသွယ်ဖို့ တပ်ဆင်ထားတာ ဖြစ်နိုင်တယ်။”
အပေါ်က ဖော်ပြထားတဲ့အတိုင်း မကွေးတိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ ရေသွယ်မှု စနစ် ဖြစ်နိုင်ပါတယ်။
ပညာရှင်များအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးကြည့်မယ်ဆိုရင်တော့ ပိုမိုတိကျတဲ့ အဖြေများ ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ခင်ဗျာ။