ကမ္ဘာ့ဈေးအကြီးဆုံး ကြောင်အီးကော်ဖီ (တခွက်ကို မြန်မာငွေ ငါးသောင်းခွဲ ပေးရပါတယ်)
ကြောင်တစ်ကောင် စွန့်ပစ်လိုက်တဲ့ မစင်ကို အရည်ဖျော်ပြီး ပူပူနွေးနွေး သောက်ရမယ်ဆိုရင် သောက်ချင်ပါ့မလား။
လူတချို့ကတော့ကတော့ တစ်ခွက်ကို အမေရိကန်ဒေါ်လာ ၃၀ ပေးပြီးသောက်သုံးနေကြပါတယ်။ အမှုန့်ကြိတ်ပြီးသား တစ်ကီလိုကို ဒေါ်လာ ၃၀၀၀ ပါတဲ့။ ရိုးရိုးကြောင်အီးဆိုရင်တော့သောက်ချင်မှာမဟုတ်ပါဘူး။ ကော်ဖီ ဖြစ်နေလို့ပါ။
ကော်ဖီခြံတွေမှာရှိတဲ့ တောကြောင်တွေက ကော်ဖီသီးတွေကိုစားသုံးပြီး ပြန်လည်စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေကို အမှုန့်ကြိတ်ပြီး ပြန်ဖျော်တာပါ။
ကော်ဖီသီးကို စားလိုက်တဲ့အခါ အစာအိမ်ထဲမှာ အစာခြေရင်း အချဉ်ပေါက်ပြီး ကော်ဖီစေ့တွေထဲကို အမိုင်နိုနှစ်ဆပါဝင်တဲ့ ဓာတ်တစ်မျိုးစိမ့်ဝင်သွားပါတယ်။ အဲ့လိုနဲ့ အနံ့အရသာ ပိုမိုကောင်းမွန်ပြီး ပြည့်ဝတဲ့ ကော်ဖီကိုရရှိလာပါတော့တယ်။
ကြောင်အီးဖျော်ရည်ကို Cat poop coffee လို့ခေါ်ပြီး Kopi Luwak လို့လည်းခေါ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ အများဆုံးထုတ်လုပ်ရောင်းချပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာလည်း ထုတ်လုပ်သလို ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီအဖြစ် ရပ်တည်လျက်ရှိပါတယ်။