သင်္ဃန်းကျွန်းမှာ (၁၀) ပေအရှည်ရှိ မြွေကြီးတကောင် တွေ့ရှိ (နယ်ကျော်ရောက်လာတဲ့ မြွေကြီးများလား)
၁၃.၁၂.၂၀၂၁ ရက်နေ့၊ ၁၀ ၅၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ မြယမုံအိမ်ရာ၊ ကမ်းသာယာလမ်းရှိ ရေမြောင်းအတွင်း မြွေကြီး တကောင် ရောက်ရှိနေသည်ဟု မီးသတ်တပ်ဖွဲ့ကို အကြောင်းကြား လာပါတယ်။
ထိုသတင်းကြောင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ပါတယ်။
ဖမ်းဆီး ရမိတဲ့ မြွေကြီးမှာ အလျား(၁၀)ပေ၊ လုံးပတ်(၈)လက်မရှိ စပါးအုန်းမြွေကြီး ဖြစ်ကြောင်း သိရပါတယ်။
ယခင်လများကလည်း မရမ်းကုန်းမြို့နယ်မှာ (၁၀) ပေကျော်တဲ့ စပါးအုန်း မြွေကြီးများ ဆက်တိုက်တွေ့ရှိခဲ့ပါတယ်။ ယခုအကြိမ်တွင်လည်း (၁၀) ပေကျော်သည့် စပါးအုန်းမြွေကြီး ဖြစ်ခြင်းကြောင့် နယ်ကျော် ရောက်လာတဲ့ မြွေကြီးများလားဟု ဒေသခံများက ထင်ကြေး ပေးလျက် ရှိနေကြပါတယ်။