မြန်မာပြည် ဖားကန့်ဒေသကြီး၏ ကျောက်စိမ်းများမှ ရရှိခဲ့တဲ့ ဝင်ငွေ သမိုင်းကြောင်း
Global Witness အဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၁၄ တနှစ်ထဲတွင်ပင် ကျောက်စိမ်းမှ ရရှိခဲ့သောဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျှံရှိ…
၁၉၈၈ မှစတွက်လျှင် ၂၀၁၄ အထိ ကျောက်စိမ်းမှရရှိခဲ့သောဝင်ငွေမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀၀ ဘီလျှံအထိရှိနိုင်…
၄င်းပမာဏသည် ကွယ်လွန်သွားခဲ့ကြသော ရေမဆေးကျောက်ရှာသူများအပါအဝင် နိုင်ငံသားတစ်ဦးစီတိုင်းအား တိုက်တစ်လုံး (သို့မဟုတ်) ကားတစ်စီးပေးနိုင်သောပမာဏဖြစ်..
၄င်းပမာဏသည် MIG 29 တိုက်လေယာဉ်အစီးရေ တစ်သောင်းခန့်ကို ဝယ်နိုင်သောပမာဏဖြစ်.. ရေငုတ်သင်္ဘောအစီးရေ တစ်ထောင်ခန့်ဝယ်နိုင်သောပမာဏဖြစ်..
ဖရီးဂိတ်စစ်ရေယာဉ် အစီးရေသုံးထောင်ခန့် ဝယ်နိုင်သောပမာဏဖြစ်..
စစ်သည်များနှင့် ရဲမေများကို ကမ္ဘာ့အကောင်းဆုံးစစ်ဝတ်တန်ဆာ အိုးအိမ်အဆောက်အဦး facility များဆင်မြန်းပေး၍ တပ်ကထွက်ချိန်တွင် တင့်တင့်တယ်တယ်ထားနိုင်သောပမာဏဖြစ်..
တစ်နိုင်ငံလုံးကို နေရာလပ်မကျန်လျှပ်စစ်မီးပေးကာ တောရောမြို့ပါအနှံ နိုင်လွန်ကတ္တရာလမ်းခင်းပေးနိုင်သောပမာဖြစ်..
သို့သော်လည်း ဖားကန့်သာ ချိုင့်ဖြစ်သွားခဲ့ပြီး တိုင်းပြည်အတွက်ဘာမှ အဖတ်မတင်ခဲ့.. ကချင်တွေလည်း ခံစားခွင့်မရခဲ့ကြ.. ပြည်သူတွေလည်းဘာမှမရခဲ့ကြ.. သတင်းအမှောင်ချထားသဖြင့် ဤဝင်ငွေများကို သိတောင်မသိခဲ့ကြ ၊ Global Witness အဖွဲ့က ၄င်းတို့နှစ်နှင့်ချီအသေးစိတ်စုံစမ်းသိရှိရသမျှကို ဖွင့်ချပြ၍သာ ပြည်သူတွေသိခဲ့ရခြင်းဖြစ်.. တပ်မတော်သားတွေလည်း ဘာမှမရခဲ့ကြ..
တပ်မတော်သည် ၄င်း၏မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့မှတဆင့် ကျောက်စိမ်းကဏ္ဍတွင် တရားဝင်လုပ်ပိုင်ခွင့်ကိုထိမ်းချုပ်ထားကြောင်း Global Witness က ဖော်ပြထားသည်မှာ…
စစ်တပ်ပိုင်ကုမ္ပဏီများ၏ တရားဝင်ပြပွဲများမှ ရောင်းချမှုပမာဏမှာ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၁၀၀ ရှိပြီး ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ရှိပြီး ထိုဝင်ငွေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြင်ပဘတ်ဂျက်အဖြစ်သက်မှက်ထား..
တပ်မတော်ပိုင်ကျောက်မျက်ကုမ္ပဏီများနှင့် ဦးပိုင်နှင့်ဆက်စပ်ကုမ္ပဏီများမှာ…
၁။ မြန်မာအင်ပရီရယ်ဂျိတ်ကျောက်မျက်ရတနာကုမ္ပဏီလီမိတက်
၂။ ကုံရာသီကြယ် ကျောက်မျက်ကုမ္ပဏီ
၃။ သော်က ကျောက်မျက်ကုမ္ပဏီ
၄။ ဖုသျှကြယ် ကျောက်မျက်ကုမ္ပဏီ
၅။ ဓနသိဒ္ဓိကြယ် ကျောက်မျက်ကုမ္ပဏီ
၆။ ဓူဝံကြယ် ကျောက်မျက်ကုမ္ပဏီ
၇။ သိန်းငှက်ကြယ် ကျောက်မျက်ကုမ္ပဏီ
၈။ စောင်းတာရာကြယ် ကျောက်မျက်ကုမ္ပဏီ
၉။ မြန်မာရူဘီအင်တာပရိုက်
၁၀။ ပုန်းညက် ကျောက်မျက်ကုမ္ပဏီ
၁၁။ ရွှေအင်းဝ ကျောက်မျက်ကုမ္ပဏီ
၁၂။ သစ္စာပန်း ကျောက်မျက်ကုမ္ပဏီ
၁၃။ Nothern Star ကျောက်မျက်ကုမ္ပဏီ တို့ဖြစ်သည်။
၂၀၁၄ ခုနှစ် မြန်မာ့ကျောက်မျက်ရောင်းပွဲတွင် စစ်တပ်ပိုင် မြန်မာအင်ပရီရယ်ဂျိတ်ကုမ္ပဏီမှ ရောင်းရငွေမှာ ကုမ္ပဏီအားလုံး၏ ဒုတိယအမြင့်ဆုံးတွင်ရှိပြီး အမေရိကန်ဒေါ်လာသန်း ၁၅၀ ရှိ..
ဦးပိုင်လီမိတက်သည် ကျောက်စိမ်းနှင့် သယံဇာတတူးဖော်ရောင်းချမှုတွင် တိုင်းပြည်ကိုနှစ် ၂၀ နီးပါးအခွန်မဆောင်ခဲ့ကြောင်း မီဒီယာများထုတ်ဖော်..
ဖားကန့်ရှိ ကျောက်စိမ်းကုမ္ပဏီအများစုမှာ ဦးပိုင်လီမိတက်နှင့် ဦးသန်းရွှေမိသားစု၏ ကြိုင်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်နှင့် စစ်ဗိုလ်ချုပ်များ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဗိုလ်ချုပ်ဟောင်းများ၊ ၄င်းတို့နှင့်ပက်သက်နေသောခရိုနီကြီးများပိုင်သောကုမ္ပဏီများဖြစ်ကြောင်း Global Witness ကဖော်ပြ..
စစ်ခေါင်းဆောင်များနှင့် ဆက်စပ်နေသော ခရိုနီများ၏ Ever Winner ကျောက်မျက်ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်ကျောက်မျက်အရောင်းပြပွဲတွင် အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရရှိခဲ့..
၂၀၁၄ ခုနှစ်တွင် တရုတ်သို့ ကျောက်စိမ်းတရားမဝင်တင်ပို့ခဲ့မှုပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁၂.၄ ဘီလျှံပမာဏရှိခဲ့..
သတင်းရပ်ကွက်တော်တော်များများ၏ အဆိုအရ ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ဖားကန့်ရှိကျောက်စိမ်းလုပ်ကွက်များကို ချုပ်ကိုင်နိုင်ရန် KIA ကို စတင်ထိုးစစ်ဆင်ခဲ့ကြောင်း Global Witness ကဖော်ပြ..
၂၀၁၁ မှစ၍ KIA ကိုထိုးစစ်ဆင်သည့်ကာလအတွင်း စစ်သည်သုံးထောင်ခန့် ကျဆုံးပြီး ငါးထောင်ခန့်ဒါဏ်ရာရရှိခဲ့ကြောင်း Jane Defence စာဆောင်မှသုံးသပ်..
ပုံ – မြန်မာ့ အကြီးဆုံးကျောက်စိမ်းတုံးကြီး
သဘာဝဓာတ်ငွေ့ရောင်းချမှုပမာဏမှာလည်း ၂၀၁၄ တနှစ်ထဲတွင်ပင် အမေရိကန်ဒေါ်လာ ၄၀၂ မီလျှံရရှိခဲ့…
သဘာဝဓာတ်ငွေ့ရောင်းချမှုမှရရှိသောငွေများကို နိုင်ငံ့ဘဏ္ဍာထဲသို့ တစ်ဒေါ်လာလျှင် မြန်မာငွေခြောက်ကျပ်နှုန်းဖြင့်သာတွက်၍ ထည့်ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ထုတ်ရေးသား..
N Kham Aung
Ref: Global Witness / Jane Defence