တရုတ်မှာ ကျည်ဆံရထားတွေကို ပိုမြန်အောင် သိပ္ပံပညာရှင်များက အတောင်ပံတပ်ပေးဖို့ ကြံစည်
တရုတ်မှာ ကျည်ဆံရထားတွေကို ပိုမြန်အောင် သိပ္ပံပညာရှင်များက အတောင်ပံတပ်ပေးဖို့ ကြံစည်…
CR450 project လို့အမည်ပေးထားတဲ့ ဒီစီမံကိန်းအရ တရုတ်ကျည်ဆံရထားတွေကို တစ်နာရီ ၄၅၀ ကီလိုမီတာအထိ မောင်းနိုင်အောင် ကြိုးစားနေကြတာပါ။ ရထားတွဲတစ်ခုစီမှာ အတောင်ပံ ၅ စုံတပ်ဖို့လိုအပ်ပြီး ဒီအတောင်ပံတွေကြောင့် ရထားဟာ ၃ ပုံ ၁ ပုံ ပိုပေါ့သွားပြီး အရှိန်မြှင့်လာစေပါတယ်။ တရုတ်နိုင်ငံက အမြန်ရထားလမ်းကွန်ယက်ဟာ ကမ္ဘာ့အမြန်ဆုံးဖြစ်ပြီး လက်ရှိမှာ တစ်နာရီ ၃၅၀ ကီလိုမီတာ မောင်းနိုင်ပါတယ်။
တကယ်တော့ ရထားတွေကို တောင်ပံတပ်ဖို့စဉ်းစားတာက အခုမှ အသစ်မဟုတ်ပါဘူး၊ ဂျပန်အင်ဂျင်နီယာတွေက ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ကြံစည်ခဲ့ဖူးပါသတဲ့။ ရထားကိုလေယာဉ်လို တောင်ပံတပ်လိုက်တဲ့အခါ ဘေးကားသွားလို့ ရှိရင်းစွဲရထားလမ်းခြံစည်းရိုးတွေနဲ့ မလွတ်တော့လို့ ဆက်မလုပ်ခဲ့တာပါ။
တရုတ်အင်ဂျင်နီယာတွေကတော့ တောင်ပံကို ဘေးမှာမပေါက်ဘဲ ခေါင်မိုးပေါ်ကနေ တပ်ဖို့လုပ်နေကြတာပါ။
ဂျပန်တွေစဉ်းစားတာက လေယာဉ်တွေလိုဖြစ်ပြီး တရုတ်တွေစဉ်းစားတာက ဒုံကျည်လိုတောင်ပံပေါက်ဖို့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျည်ဆံရထားတွေဟာ လေယာဉ်တွေလောက်မြန်လာကြမှာကဖြင့် ရင်ခုန်စရာတီထွင်မှုတစ်ခုပါပဲ။
Francis Zin