ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်ကာကွယ်ဆေးအထိုးခံ၊ ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု

ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်ကာကွယ်ဆေးအထိုးခံ၊ ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု

ကျန်းမာရေးနဲ့ အားကစားပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဟာ ကိုဗစ်ကာကွယ်ဆေးကို ဒီနေ့ ဇန်နဝါရီ (၂၇) ရက်မှာ အထိုးခံခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။

အဲဒီဆေးထိုးနှံတာကို နေပြည်တော်က ကုတင်(၁၀၀၀)ဆံ့ပြည်သူ့ဆေးရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်း ကြည့်ရှုခဲ့ပါသေးတယ်။

“ပြည်ထောင်စုဝန်ကြီးက ဒီနေ့ကိုဗစ်ကာကွယ်ဆေးအထိုးခံပါတယ်။ အခုအချိန်ထိတော့ ဆေးထိုးခံပြီးတဲ့ ကျန်းမာရေးဝန်းထမ်းတွေ ဘေးထွက်ဆိုးကျိုးဘာမှ ဖြစ်သံတော့မကြားရသေးဘူး။”လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေကို ဒီနေ့ ဇန်နဝါရီလ (၂၇) ရက်မှာ အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးနှံ ပေးနေတာ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၂၇) ရက်မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဇန်နဝါရီလ (၃၀) ရက်မှာတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းတွေကတော့ ဖေဖော်ဝါရီ (၅) ရက်နေ့ဖြစ်ပြီး အဲဒီနေ့မှာပဲ ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်တွေကို ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံက အခမဲ့ပေးပို့တဲ့ လူ (၇၅၀၀၀၀) စာ ကိုဗစ်ကာကွယ်ဆေး (၁.၅) သန်းဟာ အိန္ဒိယကနေ ရန်ကုန်ကို ဇန်နဝါရီလ (၂၂) ရက်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page