ရေသန့် လာပို့သလိုနဲ့ အကြောင်ရိုက်ပြီး အန္တရာယ်ပြုနိုင်တဲ့ သူတွေ (ကိုယ်တွေ့ ဖြစ်ရပ်)

ရေသန့် လာပို့သလိုနဲ့ အကြောင်ရိုက်ပြီး အန္တရာယ်ပြုနိုင်တဲ့ သူတွေ (တံခါးကို အလွယ်တကူ မဖွင့်ပေးပါနဲ့)

တိုက်ခန်းတွေမှာ နေတဲ့သူတွေ အတွက်ကတော့ တနေ့ တမျိုး မရိုးနိုင်အောင်ပါပဲဗျာ။ အခုလည်း ရေသန့်ဘူး ပို့သူ အယောင်ဆောင်ပြီး တံခါးလာခေါက်တဲ့ လူတွေ ရှိပါသတဲ့။ အဓိကကတော့ အလွယ်တကူ တံခါးဖွင့်မပေးဖို့ပါဘဲ။ ဖြစ်နိုင်ရင် တံခါးတွေမှာ ချောင်းကြည့်ပေါက်တို့၊ အပြည့်ဖွင့်လို့ မရအောင် သံကြိုးချိတ်ထားတာတို့ လုပ်သင့်ပါတယ်။ စီစီတီဗီ တပ်ထားဖို့လည်း မမေ့ကြပါနဲ့ဗျာ။ ဒီခေတ်ကြီးမှာ သူများကို ဒုက္ခပေးပြီး ပိုက်ဆံရှာတဲ့လူတွေ ပေါလွန်းလို့ပါ။ ရေသန့်ဘူးပို့သလို ဟန်ဆောင်ပြီး တံခါးဖွင့်ခိုင်းတဲ့ ဖြစ်ရပ် မူရင်းပို့စ်ကို ဖော်ပြလိုက်ပါတယ်-

“ရေသန့်လာပို့တဲ့သူတွေကိုသတိထားကြအုံး” ၊ တနေ့က အိမ်မှာ ၅ နာရီလောက်က အပြင်က ပြန်လာပြီး အိမ်ထဲဝင်ပြီးထိုင်ရုံပဲရှိသေး (သစ်သားတံခါးပဲပိတ်ပြီး သံပန်းတံခါးမပိတ်ရသေး) လူတစ်ယောက်တံခါးလာ ခေါက်တယ်။

ကိုယ်ကတံခါးမဖွင့်ဘဲ အိမ်ထဲကနေပဲ လှမ်းပြီး ဘယ်သူလဲလို့မေးလိုက်တယ်။ ဟိုကရေသန့် ဆိုပြီး ပြောတယ်။ ရေသန့် လဲ အပြင်ကမယူတော့ အိမ်မှားနေတယ်လို့ပဲပြောတဲ့ဟာကို နေရင်းထိုင်ရင်းနဲ့ အပြင်ကနေလက်ညှိုးထိုးပြီး ဆဲဆိုသွား လိုက်တာ… မတ်မတ်ရိုင်းရိုင်းကိုဆဲသွားတာ ဒေါသထွက်လိုက်တာပြောမနေနဲ့။

သူ့ကိုအိမ်မှားနေတယ်ပြောတာ ဘာဆဲစရာပါလဲ ဘယ်လိုအကြံအစည် နဲ့များလာလဲမသိဘူး ရေသန့်ပြောပြီး ဘာရေသန့်ဘုံး မှလည်းမပါဘူး။ ဒါတောင်တံခါးမဖွင့်မိလို့ တံခါးများ ဖွင့်လိုက်ရင် ဘယ်လိုအန္တရယ်ပေးမလဲမသိဘူး အဲ့လိုမျိုး ရေသန့် မှာထားသလိုလို နဲ့တိုက်မှာဟိုအခန်း တံခါးခေါက် ဒီအခန်းတံခါးခေါက်နဲ့ ခဏခဏပဲ။

ဘာရေသန့်မှမဟုတ်ဘူး ရေသန့်ဘုံးလဲမပါဘူး အကြံအဖန်သမားတွေပါ ကိုယ့်အိမ်ကိုယ်၂၄နာရီသော့ခတ်ထားကြပါ အခုချိန်က ဘာလုံခြုံမှုမှ မရှိတော့ဘူး ဥပဒေကနောက်မှ ဖြစ်ရင်ကိုယ်က အရင်ခံရမှာပါ လူဝင်လူထွက်ချိန်ကို ဂရုစိုက်ပါ။

အိန္ဒြာစမိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page