ကူးစက်မြန် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ပိုး အိန္ဒိယကို ရောက်လာပါပြီ (ဂရုစိုက်ကြပါ)

အိုမီခရွန်ပိုးဟာ အိန္ဒိယကို မနေ့က ရောက်လာခဲ့ပါပြီ။

အိန္ဒိယဟာ တရားဝင်စာရင်းအရ လူ ၃၄ သန်းအထိ ကိုဗစ်ကူးစက်ခံထားရပြီး လူ ၅၀၀,၀၀၀ နီးပါး သေဆုံးထားရပါတယ်။

ဒါပေမယ့် ဒီကိန်းဂဏန်းတွေဟာ ၅ဆ လောက်လျှော့ပြထားကြတယ်လို့ လူအများစုက ယုံကြည်လက်ခံထားကြပါတယ်။ ဆေးအဓိကထုတ်တဲ့တိုင်းပြည်မို့ အိန္ဒိယမှာ ဆေးလုံးရေ သန်း ၁,၂၀၀ အထိ ပြည်သူတွေကို ထိုးပေးထားပြီးပါပြီ။

အိုမီခရွန်ထွက်လာအပြီး အာဖရိက (၈) နိုင်ငံကလာတဲ့ ခရီးသည်တွေကို Quarantine (၇) ရက်ဝင်ခိုင်းပြီး၊ ကျန်ဆေးထိုးပြီးခရီးသည်တွေကိုလည်း လေဆိပ်မှာ မဖြစ်မနေ ဆေးပြန်စစ်ဆေးသွားကြဖို့ ဥပဒေသစ်ပြဌာန်းလိုက်ရပါတယ်။

အိုမီခရွန်ဟာ အာရှတိုက်ဖက်မှာ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူတို့ဆီ ရောက်လာခဲ့ပြီမို့ တဖြေးဖြေးနီးလာနေပါပြီ။ ဂရုစိုက်ကြပါ အမျိုးတို့ရေ။

Francis Zin

Leave a Reply

Your email address will not be published.

x

You cannot copy content of this page