ရန်ကုန်မှာ စရိတ်ပြတ်ပြီး အိမ်မပြန်နိုင်တဲ့ အမေကြီးကို ကူညီလိုက်တဲ့ ကိုပူတူး (သာဓု ပါပဲဗျာ)

မသောက်တော့ပါဘူး…သမီးငယ်လေးတွက် ယူသွားပါရစေ

နာမည် ဒေါ်ရှမ်းမ၊ အသက် (၆၁)နှစ်ပါ၊ သမီး (၂) ယောက်ရှိပါတယ်တဲ့ (၁၃ ) နှစ်နှင့် (၉)နှစ်ပါ။ တိုက်ကြီး ပန်းတပွင့်တောင်က ဆရာလေးဆီမှာ ကပ်နေရှာတယ်ဆရာလေးကလဲ နေမကောင်း ဆွမ်းခံမကြွနိုင်တော့…စားဖို့သောက်ဖို့ ခက်ခဲတော့….

စက်ရုံမှာ အလုပ်ဝင်လုပ်ဖို့က…အသက်ကြီးတော့ မခေါ်ကြဘူး။ ရန်ကုန်က ယောက္ခမအိမ်ကို….ဆရာလေး ပိုက်ဆံချေးငှါးပေးလို့…လိုင်းကားစီးပြီလာရှာတယ်။ ရောက်တော့…အမိုး(ယောက္ခမ)တို့က မြိုင်ကြီးငူဘက်သို့ ပြန်သွားကြပြီတဲ့

ပြန်စရာ လမ်းစရိတ်မရှိလို့…လမ်းက ဆွမ်းခံကြွနေတဲ့ ဆရာလေးတွေဆီ အလှူခံ… ဆရာလေးတွေက…စာရွက်ပေါ်မှာ သားဖုန်းနံပါတ်လေး ရေးပေးလိုက်တယ်… အဲ့ကိုဆက်လို့ပြောပါတယ်

လမ်းကနေ အကူညီတောင်းပြီ ဆက်ခိုင်းတော့…နေ့လည် (၃)နာရီ ကျနော်ရောက်နေတဲ့ နေရာဖြင့် နီးသောကြောင့်…အဲ့မှာ ခဏစောင့်ခိုင်းလိုက်ပါတယ် ရောက်တော့…တယောက်တည်း… ဗိုက်ဆာတယ် သားရယ်…ဘာမှ မစားရသေးဘူး မနက်(၆)နာရီတည်းက ထွက်လာတာ…ခုထိ မစားရသေးဘူး (တကယ်ရိုးသားပါတယ်…တကယ့် ရှမ်း တိုင်းရင်းသူ စစ်စစ်ပါ)

ဟုတ် အမေ…ဘာစားမလဲ…ထမင်းစားမလား အမေ အစာအိမ်အောင့်လိုက်တာ…ထမင်းမစားနိုင်ဘူး သားရယ်။ ဒါဆို ပေါက်စီစားမလား မေးတော့…စားမယ်တဲ့

အကြောင်းစုံ မေးကြည့်တော့…. ယောင်္ကျားက အရက်သမား ဆိုးတယ်…ခုတော့ ဆုံးသွားပြီတဲ့အမိုး (ယောက္ခမ)ဆီ လာပြီ စားဖို့ ဆန်လေးနဲ့ လမ်းစရိတ်လေး လာတောင်းတာ…မရှိတော့ ပြန်ဖို့ ဒုက္ခရောက်နေတယ်

အင်းလေး ပြန်ချင်တယ်…အင်းထဲမှာ ယက်ကန်းပြန် ယက်ချင်တယ်… အင်းမှာ အဒေါ်ရှိတယ်…သူ့ဆီ ပြန်ပြီးအလုပ်ပြန် လုပ်ချင်တယ်…

ခုလာတာ သမီးငယ်က ငိုနေရှာတယ်…ခု သမီးငယ်ဆီ ပြန်ရမယ်…မဟုတ်ရင် သူ မျှော်နေတော့မှာ မနက်ကလဲ စားစရာမရှိလို့…ဆရာလေးက မားမား (၂)ထုပ်လာပေးတယ်… ကျမက နည်းနည်းပဲ စားပြီး… ကလေးတွေကိုပဲ ဝအောင် ကျွေးခဲ့ပါတယ်

ခုလဲ ကျမ ဒါလေးတွေ ယူသွားလို့ရမလား…သမီးလေးတွေလဲ စားချင်မှာ…အငယ်လေးက ဒိန်ချဉ် ကြိုက်တယ် အာ မဟုတ်တာ အမေစားပါ…ကလေးတွေတွက်လဲ ကျနော် ဝယ်ထည့်ပေးလိုက်မယ်နော် (အဲ့တော့မှ ပျော်ပြီ စားရှာတယ်)

ဒါနဲ့ အမေ…လမ်းစရိတ် ဘယ်လောက်လိုလို့လဲ၊ (၅)ထောင်ဆို ရပါပြီ သားရယ်…(၄၂)စီးပြီ လမ်းခွဲမှာ ဆင်း…ပြီးရင် တိုက်ကြီးကို (၂)နာရီလောက်စီး…ဖောင်ကြီးလမ်းခွဲရောက်ရင် ကယ်ရီ (၁၅)မိုင်လောက် စီးရင် ရောက်ပြီ။

ဟုတ် အမေ…ရော့ 50,000 Ks နော်….ဂရုစိုက်ပြီ ပြန်နော် ဟာ ပျော်လိုက်တာ… ကျမတို့ အင်းလေး ပြန်လို့ရပြီပေါ့နော်။ အရမ်း ဝမ်းသာလိုက်တာ…သမီးလေးတွေတွက် မုန့်လဲပါတယ်…သူတို့ အရမ်းပျော်နေတော့မှာ

ကျမ အင်းထဲရောက်ရင် ခုလိုပဲ ဖုန်းဆက်ခိုင်းမယ်နော် …ကျမ သား ဖုန်းနံပါတ်လေး သိမ်းထားမယ်နော် ဟုတ် အမေ…သိမ်းထားနော် ဖုန်းဆက်နော်…ခု နောက်ကျနေပြီ ဂရုစိုက်ပြန်နော်…ကားဂိတ်ပို့ပေးခဲ့ပါတယ်

(ကျနော်နှင့်အတူ ပူးပေါင်းကူညီလှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား…အမေကြီး ကိုယ်စား ကျေးဇူးတင်ပါတယ် ဗျ)

ဪ…ဘဝတွေ ခက်ခဲနေကြတာ အများကြီးပါလား ဗျာ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page