ကင်ဆာကုန်သည်တွေရဲ့ ဝိသမလောဘနဲ့ ကွမ်းကြိုက်သူတွေ အားရပါးရ စားနေကြတဲ့ ကွမ်းသီးအန္တရာယ်

ကွမ်းသီးကို ပေါင်းရာတွင် ဓာတ်ပုံဖလင်ချွတ်သည့်ဆေးဖြင့် တစ်ညစိမ်ပြီးနောက် ပြန်လည်ရေ ဆေးကာ ကွမ်းသီးပေါင်းဖိုထဲတွင် ထည့်၍ ကန့်ကို မီးရှို့ကာအငွေ့ရိုက်ရသည်။

ထိုသို့ တစ်ညတာပေါင်းပြီးလျှင် စျေးကွက်သို့ တင်သွင်း ရောင်းချနိုင်သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကွမ်းသီးဖိုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ကွမ်းသီးပေါင်းတဲ့ ဆာလ ဖာပမာဏက သတ်မှတ်ထားတာ မရှိဘူး။ ကွမ်းသီးပေါင်းရင်အရမ်း အန္တရာယ်များလို့ တံခါးအလုံပိတ် ထားရတယ်’’ ဟု ၎င်းက ဆက် လက်ပြောသည်။

စားသုံးရန် မသင့်သော ဓာ တုဆေးများ အစားအသောက် များတွင် ထည့်ထားပြီး ရေဖြင့် ပြန်လည် သန့်စင်သော်လည်း ဓာတုအကြွင်းအကျန်များ ကျန်ရှိ နေသည်ဟု ဒေါက်တာ ဇင်ဇင်နွယ်က ရှင်းပြသည်။

ကွမ်းသီးအလေးချိန်တိုးပြီး ကွမ်းသီးပွလာသည်။ ထို့နောက်မှ ကွမ်းသီးဖိုထဲတွင် ကန့်ငွေ့ရိုက်လိုက်လျှင် ကွမ်းသီးလည်း မှိုမတက်၍ ရောင်းချရာတွင် အဆင်ပြေသောကြောင့် အသုံးပြုခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်မှ ကွမ်းသီးရောင်းဝယ်သူတစ်ဦးက ပြောသည်။

ကွမ်းစားခြင်းကြောင့် ခံတွင်း ကင်ဆာဖြစ်ပွားမှုမြင့်မားနေချိန် မှာပင် ယခုကဲ့သို့ ကွမ်းသီးများကို ဓာတုဆေးသုံး ရောင်းချနေခြင်း ကြောင့် ကျန်းမာရေးထိခိုက်မှုမှာ ပိုမိုမြင်မားလာမည်ဖြစ်သည်။

ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ စျေး များသို့ စစ်ဆေးရာတွင် မျှစ်၊ ပဲ ကြီးလှော်၊ ဝက်အူချောင်း၊ ချဉ် ဖတ်၊ အသားတုနှင့် နွားနို့များတွင် စားသုံးရန် မသင့်သော ဓာတု ပစ္စည်းများပါဝင်နေသည်ကို တွေ့ ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page