နှာခေါင်းစည်း တပ်ထားရုံနဲ့ ကိုဗစ် ရှိမရှိ သိနိုင်တဲ့ နည်းပညာကို ဂျပန်သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ဂျပန်သိပ္ပံပညာရှင်တွေဟာ ငှက်ကုလားအုတ်ရဲ့ဆဲလ်ကိုအသုံးပြုထားတဲ့ Mask ကိုသုံးပြီး ကိုဗစ်ရှိမရှိသိနိုင်တဲ့နည်းသစ်ကိုတွေ့ရှိခဲ့ပါတယ်။

Kyoto Prefectural University မှ ဥက္ကဋ္ဌဖြစ်သူ Yasuhiro Tsukamoto ဦးဆောင်တဲ့အဖွဲ့ဟာ အခုလိုကိုဗစ်ရှိမရှိအလွယ်တကူတွေ့နိုင်မယ့်နည်းသစ်ကိုတွေ့ရှိခဲ့တာပါ။

ငှက်ကုလားအုတ်တွေဟာ သူတို့ကိုယ်ခန္ဓာထဲဝင်လာတဲ့ ပြင်ပပစ္စည်းတွေကို တိုက်ဖျက်မယ့် မတူညီတဲ့ပဋိပစ္စည်းတွေကို ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။

မနှစ်က ဖေဖော်ဝါရီလမှာကတည်းက ဒီသုသေသနပညာရှင်တွေဟာ ငှက်ကုလားအုတ်မတွေထဲကို ကိုရိုနာဗိုင်းရပ်စ်ပိုးအသေတွေ ထိုးသွင်းပေးခဲ့ပါတယ်။

အဲ့ဒီကနေ သူတို့ ဥတဲ့ငှက်ကုလားအုတ်ဥကနေ တဆင့် antibodies ရောဂါကာကွယ်သော ပဋိပစ္စည်းပမာဏ အတော်များများကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ကြပါတယ်။

အဲ့ဒီငှက်ကုလားအုတ်ရဲ့ ပဋိပစ္စည်းပါတဲ့ mask filter အလွှာကို mask တွေမှာထည့်သွင်းစမ်းသပ်ခဲ့တာပါ။ အကယ်လို့ ကိုရိုနာဗိုင်းရပ်စ်ရှိရင် mask filter က ခရမ်းလွန်ရောင်ခြည် အလင်းအောက်မှာ အရောင်တောက်ပါတယ်။

အဲ့ဒီမှာ ကိုဗစ်လူနာ ၃၂ ယောက်ကို အဲ့ဒီ mask တွေ (၁၀) ရက်ကြာအထိ ဝတ်ခိုင်းပြီး စမ်းသပ်ခဲ့ရာမှာ အားလုံးက ဗိုင်းရပ်စ်ရှိတဲ့နေရာမှာ အရောင်တောက်တဲ့အပြင် ဗိုင်းရပ်စ်ပမာဏလျော့နည်းလာရင် အရောင်တောက်တာပါ တဖြည်းဖြည်းမှေးမှိန်သွားကြောင်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီမှာ တက္ကသိုလ်ဥက္ကဋ္ဌက ဘာသွားတွေ့သလဲဆိုရင် သူအဲ့ဒီ Mask ကိုဝတ်ထားရင်း အရောင်တောက်တာတွေ့ရလို့ သူ့ကိုယ်သူ PCR test လုပ်ကြည့်ရာမှာ ကိုဗစ်ရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

အခုလိုတွေ့ရှိမှုကနေ ကုန်ကျစားရိတ်သက်သာပြီး အဖြေမှန်နိုင်တဲ့ လူတိုင်းသုံးနိုင်တဲ့ Test kit တွေထုတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

မကြာခင်မှာ ultraviolet မီးရောင်မလိုပဲ ကိုဗစ်ရှိရင် အလိုအလျောက်အရောင်တောက်တဲ့ Mask ကိုတီထွင်နိုင်လိမ့်မယ်လို့ သူတို့က မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျနော့်အနေနဲ့ ကလေးတွေကို Biomedical အခြေခံလေးသင်ပေးကြစေချင်တာပါ။ ဒီအကြောင်းလည်း စာအုပ်ရေးဖို့ ရှိပါတယ်။ လက်ရှိ လုပ်လက်စတစ်ခု မအားသေးလို့ပါ။

တလောကပဲ မလေးရှားကတရုတ်အမျိုးသမီးတစ်ယောက်ဟာ ဂဏန်းခွံကနေရတဲ့ ခိုင်တိုဇန် ဘိုင်အိုပိုလီမာသုံးပြီး ရောဂါပိုးသေစေတဲ့ mask ကိုထွင်ခဲ့ပါတယ်။ စင်ကာပူအဲလိုင်းပါတိတ်ဒီဇိုင်းနဲ့ လှမှလှပါ။ အဲ့ဒီတုန်းက
ကျနော့်အကောင့်အပိတ်ခံထားရလို့ ဒီသတင်းကို မရေးခဲ့ရတာပါ။

ဒါတွေကြောင့် Nanotechnology နဲ့ Biomedical science ဟာ အနာဂတ်ပါလို့ ကျနော်ခဏခဏပြောရတာဖြစ်ပါတယ်။

မြန်မာပြည်မှာ Biomedical Science ပညာရှင်တွေများများပေါ်ပေါက်အောင်မွေးထုတ်ဖို့ ကြိုးစားကြပါဗျ။ “ပါတွေလာပျော့နေတာလဲ? ဆေးပညာရှင်တွေလား? စီ – ဒီ – အမ် တွေလေ သွားအတုန်ဖမ်းဇမ်း အာဃာတတွေနဲ့ လုပ်နေသမျှကတော့ ရင်လေးမိပါကြောင်း။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page