အောင်မင်္ဂလာအဝေးပြေးမှာ ကိုဗစ်ကင်းစင်ကြောင်း လက်မှတ်တွေကို တသောင်းခွဲနဲ့ မှောင်ခိုလုပ်နေကြတဲ့အဖြစ်
အောင်မင်္ဂလာအဝေးပြေးမှာ ကိုဗစ်ကင်းစင်ကြောင်း လက်မှတ်တွေကို တသောင်းခွဲနဲ့ မှောင်ခိုလုပ်နေကြတဲ့အဖြစ်
မနေ့က အောင်မင်္ဂလာအဝေးပြေးဝင်းဘက်သွားရင်း စိတ်ပျက်စရာ သတင်းတစ်ခု ကြားခဲ့ရပါတယ်။
နယ်ဝေးခရီးသွားရန်အတွက် ကိုဗစ် Certificate အောင်လက်မှတ်များကို Swab Test စစ်ဆေးစရာမလိုပဲ မြန်မာငွေကျပ် တစ်သောင်းခွဲဖြင့် မှောင်ခိုလုပ်ပေးနေကြပါသည်တဲ့ ခင်ဗျာ။
ယခုလောက်ဆိုလျှင် လူဘယ်နှစ်ယောက်လောက်ကို မှောင်ခိုအောင်လက်မှတ် ထုတ်ပေးပြီးပြီလဲဆိုတာ ကျနော်တို့ မသိနိုင်ပါ။ ဒီလိုအချိန်ကာလမျိုးမှာ ဒီလိုမှောင်ခိုစျေးကွက်တွေ အလျှိုလျှို ပေါ်လာမယ်ဆိုတာကို အစိုးရကို မဆိုထားနှင့် သူတောင်းစားနှင့် အရူးတောင်မှ ကြိုတင်တွက်ဆနိုင်သော ကိစ္စရပ်တွေပါ ခင်ဗျာ။
သို့သော် ကိုဗစ် နှင့်ပတ်သတ်လျှင် ကျနော်တို့ဆီမှာက ချဲဒိုင်တစ်ခုလောက်တောင် စိတ်ဝင်တစား အရေးယူဆောင်ရွက်ခြင်းမရှိတာကို အားလုံးသိပြီးဖြစ်ကြမှာပါ။
သို့ဖြစ်ပါ၍ ကျနော့်မိတ်ဆွေများအနေဖြင့် သတိ၊ဝီရိယဖြင့် နေထိုင်၊ သွားလာ၊ လုပ်ကိုင် ကြရန် အသိပေးနှိုးဆော်လိုက်ရပါသည် ခင်ဗျာ။
Nay Lin Aung