ကင်ဆာအမျိုးမျိုး ဖြစ်စေတဲ့ မြန်မာပြည်က ရေသန့်သယ်ယူ ဖြန့်ချီရေး စနစ်

“ကင်ဆာအမျိုးမျိုး ဖြစ်စေတဲ့ မြန်မာပြည်က ရေသန့်သယ်ယူ ဖြန့်ချီရေး စနစ်”

အောက်မှာ ပြထားတဲ့ ပုံတွေကိုကြည့်လျှင် မြန်မာနိုင်ငံမှာ ရေသန့်ဗူးများ သယ်ယူပုံကို တွေ့နိုင်ပါသည်။

လို-တို-ရှင်း ပြောရရင် အမိုးအကာ မပါ၊ (အမိုးအကာ ပါဦးတော့) သတ်မှတ်ထားတဲ့ အပူချိန်ကို အလိုအလျောက် ထိန်းညှိသည့်စနစ် မပါဝင်သော ရေသန့်သယ်ယူသည့် အလုံပိတ်ကားများနှင့် ရေသန့်ဗူးများကို သယ်ယူပို့ဆောင်ပေးနေကြသည်များမှာ အိမ်အရောက် သို့မဟုတ် ဆိုင်အရောက် ကင်ဆာရည်ဗူးကြီးများ လိုက်လံပို့ဆောင်ပေးနေ သလိုသာ ဖြစ်နေတော့သည်။

နေရာင်ခြည်သည် ရေသန့်ဗူးကြီးများအား တိုက်ရိုက်ထိမှန်နေသောအခါ (သို့မဟုတ်) အလုံပိတ်ကားအပြင်က နေပြင်းသည့်အပူချိန်က ကားအတွင်းက ရေသန့်ဗူးများအား ရိုက်ခတ်နေသည့်အခါ – ပူလာသော ရေများနှင့် ရေသန့်ဗူးကို ပြုလုပ်ထားသော ပလပ်စတစ်တွင်ပါဝင်သည့် chemical ဓါတုဗေဒပစ္စည်းမျိုးစုံတို့ ဓါတ်ပြုကုန်တော့သည်။

ဤတွင် မူလစက်ရုံကထုတ်လုပ်လိုက်သော ရေသန့်များသည် ရေသန့်ဗူးကြီးများ အတွင်း မှာပင် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပွားစေသည့် ဓါတုဗေဒအဆိပ်ရည်များ အသွင်ပြောင်း သွားခဲ့ပြီ။ ဤသို့ဖြင့် ရေသန့်ဗူးကြီးများ အိမ် သို့မဟုတ် ဆိုင်များသို့ ရောက်ရှိလာသည်တွင် ရေသန့် မဟုတ်တော့ပဲ ကင်ဆာရည်ဗူးကြီးများ ဖြစ်နေကြလေပြီ။

မြန်မာနိုင်ငံမှာ ရေသန့် ဆိုသည်ကို စတင် သောက်သုံးလာသည့်အချိန်မှ စ၍ လူဦးရေ မည်မျှ ဒီလို ကင်ဆာရည် တဖြစ်လဲ ရေသန့်များကြောင့် သေဆုံးခဲ့ကြရပြီးပြီကို မည်သူမျှ မသိနိုင်ပါ။ သူများနိုင်ငံတွေမှာ ရေသန့်ဗူးများကို အပူချိန်အလိုအလျောက်ထိန်းညှိသည့်စနစ် ပါဝင်သော ရေသန့်သယ်ယူသည့် အလုံပိတ်ကားများနှင့် ဘယ်လို သယ်ယူဖြန့်ချိကြသလဲ ဆိုတာ အောက်ကပုံကို ကြည့်ရုံဖြင့် သိနိုင်ကြပါပြီ။

မြန်မာနိုင်ငံက ကိုယ်တိုင်ဖြန့်ချိကြတဲ့ ရေသန့်လုပ်ငန်းရှင် ကြီး/လတ်/သေးများကော (ရေသန့်လောကကို လက်ဝါးကြီးအုပ်ထားကြတဲ့) ကြားက ဖြန့်ချိတဲ့ agent များကော မိမိတို့ရဲ့ စနစ်တကျ ကျန်းမာရေးနဲ့ညီညွတ်စွာ အပူချိန်ကို အလိုအလျောက် ထိန်းညှိသည့် စနစ်ပါဝင်သည့် ကားကြီးများနှင့် ဖြန့်ချိရခြင်းအတွက် (တစ်ချီထဲနဲ့ ငထော – တစ်နှစ်ထဲနဲ့ ကားဖိုး ကြေဖို့ ဆိုတာမျိုး- မလုပ်ပဲ၊ ဖြည်းဖြည်းချင်း ကားဖိုးကြေသွားမယ့် သင့်တင့်မျှ တသောဈေးတက်မှုဖြင့်) ရေသန့်ရဲ့ဈေးကို ပိုယူကြပါ။

ရေသန့်ကို လက်ရှိရောင်းနေတဲ့ ဈေးအပေါ်မှာ ဒီလို ကားမျိုးသုံးရတဲ့အတွက် ပိုပြီး ကုန်ကျ လာတဲ့စားရိတ် overhead charges ကိုပါ ထပ်ပေါင်းပြီး ရေသန့်ကို ဈေးတင် ရောင်းပါ။ ရေသန့်ရဲ့ဈေး နည်းနည်းများသွားမယ်။ ဒါပေမဲ့ လူတွေ ကျန်းမာရေးနဲ့ညီ ညွတ်စွာ သောက် ရေသန့်သောက်ရဖို့က အရေးအကြီးဆုံးပါ။

တစ်ခုခုဖြစ်လို့ ဆေးကုရရင် ဈေးတက်သွားတဲ့ ရေသန့်ရဲ့တန်ဖိုးထက် အဆပေါင်းများစွာ မိမိနဲ့မိသားစုမှာ ငွေကုန် လူပန်း စိတ်နွမ်းဖြစ်ကြ ရာမှာတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ဒီလို စနစ် တကျသယ်ယူတဲ့အတွက် ရေသန့်ရဲ့ (သင့်တင့်မျှတသောဈေးတက်မှုဖြင့်) ဈေးမြင့် လာမှာကို လူထုက နားလည်လက်ခံဖို့အတွက်၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေ က လူထုကို အသိပညာပေးတာကိုလည်း တခြားတစ်ဘက်ကနေ ဆောင်ရွက်ကြရမှာပါ။

ရေသန့်ဗူးများကို အန္တရာယ်ကင်းသော အပူချိန်ကို အလိုအလျောက် ထိန်းညှိသည့်စနစ် ပါဝင် သော စနစ်တကျ ရေသန့်သယ်ယူသည့် အလုံပိတ်ကားများနှင့် သယ်ယူဖြန့်ချိသင့်ကြပါပြီ။

“မြန်မာနိုင်ငံ ရေသန့်လုပ်ငန်းရှင်များအသင်း(ဗဟို) ဥက္ကဌရဲ့အကြံပြုချက်”

စျေးပေါပေါနဲ့ ရောင်းနေတဲ့ရေသန့်တွေဟာ ကျမ်းမာရေးအတွက် ဘယ်လိုမှ ကောင်းမွန်အောင်မထုတ်လုပ်နိုင်ပါဘူး။ ထုတ်လုပ်မှုကုန်ကျစားရိပ်တွေ ရှိပါတယ်.. ရေသန့်ပုံးတပုံး ဝယ်ယူတော့မည်ဆိုလျှင် ဈေးနူန်းထက် ပုံးအခြေအနေ FDA ကအသိ မှတ်ပြုလက်မှတ် ပါ မပါ စစ်ဆေးပါ။

ပုံးညစ်ပါတ်နေလျှင်…ရေသယ်ကားပေါ်ကပုံးများအပေါ် ခြေထောက်နှင့်တက်ခြင်း ဖင်ထိုင် လိုက်ပါခြင်းများတွေ့ရှိပါက ဝယ်ယူခြင်းမပြုသင့်ပါ။ ရေပုံးလဲလှယ်ပါက လည်း လှယ်ပေးသူ၏ သန့်ရှင်းမှုကိုဂရုစိုက်ပေးပါ။

တချို့ကရေလှယ်ရာတွင် ကန်တော့ကိုဖြစ်သလိုထားပြီးရေလှယ်ခြင်း၊ တချို့က လက်ကိုကန်တော့သဖွယ်အသုံးပြုပြီး ရေလှယ်ခြင်းမျိုးတွေ့ရှိပါက မသောက်သုံးသင့်ပါ မဝယ်သင့်ပါ။

ထို့ပြင် မိမိပါတ်ဝန်းကျင်တွင် FDA ထောက်ခံချက်မရှိဘဲ ရေထုတ်လုပ်ရောင်းချနေသူများ အိမ်သုံးတပိုင်တနိုင်စက်ကလေးများ နှင့် ရရောင်းချနေသူများတွေ့ရှိပါက FDA၊ မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်း၊ စားသုံးသူအကာကွယ်ပေးရေး အဖွဲများသို့ ဓါတ်ပုံလိပ်စာအတိအကျပေးပြီး အရေးယူနိုင်ရန် တိုင်ကြားသင့်ပါသည်။

ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်မှသာ သန့်ရှင်းသောသောက်ရေသန့်အား လူကြီးမင်း တို့လက်ထဲသို့ရောက်အောင်ပို့ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ ရေသန့်ပုံးထဲက ရေတိုင်း ရေသန့်မဟုတ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page