အိုမီခရွန်ကို လုံးဝ နီးပါး ကာကွယ်နိုင်တဲ့ ကိုဗစ် ကာကွယ်ဆေးကို ကြေညာလိုက်ပါပြီ

ကိုဗစ်ကာကွယ် ဆေးထိုးနှံထားကြသူတွေကြားမှာပါ အိုမီခရွန်မျိုးကွဲသစ်ကူးစက်မှု မြင့်မားလာတဲ့အချိန်ကနေစပြီး လက်ရှိ ကာကွယ်ဆေးထုတ်လုပ်နေတဲ့သူတွေဟာ သူတို့ကာကွယ်ဆေးတွေ အိုမီခရွန်ကို ကာကွယ်နိုင်မလားဆိုတာကို လေ့လာနေခဲ့ကြပါတယ်။

အခု အောက်စဖို့တက္ကသိုလ်က လေ့လာချက်မှာတော့ အောက်စဖို့ကိုဗစ်ကာကွယ်ဆေး (Oxford-AstraZeneca) ကို သုံးကြိမ်ထိုးထားတယ်ဆိုရင် ထွက်ရှိတဲ့ ကိုယ်ခံအားတွေဟာ အိုမီခရွန်ကိုပါ ခုခံတိုက်ခိုက်နိုင်တယ်လို့ တွေ့ရှိရပါတယ်။

Oxford-AstraZeneca formula ကို အသုံးပြုတဲ့ကာကွယ်ဆေး မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ထိုးပေးနေတာကတော့ ကိုဗစ်ရှီး (Covishield) ပါ။

အရင်က နှစ်ကြိမ်ပြီးသွားရင် ၄ လနောက်ပိုင်းမှ ဘုစတာ ထိုးဖို့ပြောတာကနေ အခုကျ သုံးကြိမ်ဆက်တိုက်ထိုးဖို့ အကြံပြုပြန်ပါတယ်။

ကိုဗစ်ရှိနေတဲ့ ကမ္ဘာမှာ လုံးဝပြီးသွားပြီဆိုမှသာ ပြန်ဖွင့်ရရင် ဘယ်လိုမှ အလုပ်ဆက်မှာမဟုတ်ဘူး။ အခုဒီပုံစံအတိုင်းဆိုရင် ကိုဗစ်ရှိလျက်နဲ့ ရှေ့ဆက်နိုင်ဖို့ကိုပဲ လုပ်ကြရတော့မယ်။

ဖြစ်နိုင်တာကတော့ နောက်ပိုင်းမှာ ၆လတကြိမ်လောက် ကာကွယ်ဆေးဆက်ထိုးသွားပေးပြီး လည်ပတ်ဖြစ်ကြမယ်ထင်တယ်။ ဥပမာ ကာကွယ်ဆေးထိုးထားတာ ၄ လကျော်နေမှ ခရီးသွားခွင့် လေယာဉ်စီးခွင့် နိုင်ငံဝင်ခွင့်တွေပေးတာမျိုးပေါ့။

Thurein Hlaing Win

Leave a Reply

Your email address will not be published.

x

You cannot copy content of this page