မြန်မာပြည်က ကပ်သမျှင်ငါးကို တရုတ်တွေက သိန်းရာချီပေးဝယ်ရတဲ့ အကြောင်းအရင်း
အချိန် ၄၀ ဝန်းကျင်ရှိပြီး ကာလတန်ဖိုး သိန်း ၃၀၀/၅၀၀ ဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ Lucky ငါး။ ဒေသအခေါ် ကပ်သမျှင်ငါးတစ်ကောင် မွန်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ဒါ့ကြောင့်ဒီငါးတွေ ဘာကြောင့်.ဒီလောက်တန်ကြေးကြီးသလဲဆိုတာအများသိအောင် ပြောပြချင်စိတ် ဖြစ်လာပါတယ်။
တကယ်တော့ ကပ်သမျှင်ငါးအသားက တန်ဘိုးမရှိပါဘူး။ စီပေါင်းက တန်ဘိုးကြီးတာပါ။ အထီးက စီပေါင်းအသားထူပြီး အမထက်ဈေးပိုရပါတယ်။ ဥပမာ ငါးတစ်ကောင် ပိသာနှစ်ဆယ်ရှိရင် စီပေါင်းခန့်မှန်းခြေ နှစ်ဆယ်သားလောက် ရှိနိုင် တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပါတယ်
ငါးဝယ်လက်များကတော့ စီပေါင်းအနေအထားအတွက် ဝမ်းဗိုက်ကို လက်နဲ့စမ်းပြီး ခန့်မှန်း စီပေါင်း အထူအပါးကို ခန့်မှန်း ဈေးပေးကြပါတယ်။ ဘုရင့်နောင်ပွဲရုံမှာ စီပေါင်း လေလံပွဲ လုပ်ပါတယ်။ တရုပ်ဝယ်လက်များ ဈေးအပြိုင်ဆွဲ ဝယ်ပါတယ်။
တကယ်တော့. ကပ်သမျှင်ငါး လေလံပွဲက စိတ်ဝင်စားဖို့ကောင်းပါတယ်။ လေလံအောင်တဲ့သူက ငါးကို ခဲတံချွန်ဓားနဲ့ဗိုက်ကိုကျွမ်းကျင်စွာ ခွဲယူပြီး လေသလပ်ခံ ခြောက်အောင်လုပ်ပါတယ်။ နေပူမလှမ်းပါဘူး။ ပြီးရင်စီပေါင်းကို ကတီပါအိတ်ထဲ တယုတယ ထည့်ယူပါတယ်။
ဒီ့နောက်တော့ ကျွန်တော်စိတ်ဝင်စားတာနဲ့ ကပ်သမျှင် ငါးစီပေါင်းကို ဘယ်နေရာမှာသုံးလို့ ဈေးကြီးတာလည်း စုံစမ်းကြည့်တဲ့အခါ အဖြေအမျိုးမျိုးရပါတယ်။
အာရပ်လူမျိုးတွေ ကလေးမွေးပြီး မီးနေသည်ဘဝမှာ မီးရှို့ အငွေ့ရှူတယ်လို့ ပြောပါတယ်။ မြန်မာပြည်က မီးနေသည်တွေ နနွင်းရှူသလိုမျိုးပေါ့။ နောက် source တစ်ခုက တရုပ်မျိုးနွယ်စုတစ်မျိုးမှာ ကပ်သမျှင်စီပေါင်းကို ယောကျင်္ား မိန်းမ တင်တောင်းတဲ့ နေရာမှာသုံးပါတယ်။
ဥပမာ မိန်းကလေးရှင်ဖက်က တင်တောင်းနိုင်ရင် တစ်သက်လုံး မိန်းမအကြိုက်လိုက်ရပါတယ်။ ယောကျင်္ားလေးရှင် ဖက်က တင်တောင်းနိုင်ရင် တစ်သက်လုံး ယောကျင်္ားအကြိုက်လိုက်ရပါတယ်။ သိသလောက် ရေးပြခြင်းဖြစ်သည်။
ဒီအကြောင်းအရာတွေကိုလည်း ကို Thant Zaw Win ဆိုတဲ့ လူတစ်ယောက်က ရေးပြထားလို့ သိရတာပါ။ ဒါ့ကြောင့် တံငါသည်တွေအနေနဲ့လည်း..ကံကောင်းနိုင်ကြပါစေလို့ ဆုတောင်းရင်း
ရေးသားသူ – ဘုန်းထက်ကြယ်
ပိုစ်အောက်မန့်ထားတာတွေပါ ဗဟုသုတအရမ်းရပါတယ်
ကပ်သမျှင်ငါးကို ရခိုင်ကမ်းရိုးတန်းနဲ့ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတွေမှာများသောအားဖြင့် တွေ့ရလေ့ ရှိပါတယ်။ အရင်တုန်းကမြန်မာနိုင်ငံမှာ တနှစ်အကောင်သုံးလေးဆယ်လောက် ရနိုင်ပေမယ့် အခုနောက်ပိုင်းမှာတော့ သုံးလေးကောင်သာရရှိတော့ပါတယ်…ကပ်သမျှင်ငါး အဆီပေါင်း တစ်ကျပ်သားကို ၃၅သိန်းလောက် လက်ရှိဈေးပေါက်ပါတယ် …။
နိူင်ငံတကာဈေးကွက်မှာ မြန်မာငွေ သိန်းထောင်ချီတန်တယ်ဗျ ဒီငါးကအတော်ရခဲတဲ့ငါးပါ။ သူနဲ့ခပ်ဆင်ဆင် ကပ်သပေါင်း လဲရှိတယ် ကျနော် ငါးလောကမှာ လုပ်တုန်း စုံစမ်းမိသမျှတော့ တရုတ်တွေက ငါးစီပေါင်းမှန်သမျှကို ယောကျာ်းအားတိုးဆေး အနေနဲ့စားတယ်လို့ ပြောကြပါတယ်။
စီပေါင်းထဲမှာ အဲဒီငါးစီပေါင်းပီးရင် ဈေးအကောင်းဆုံးက ငါးရွှေ(မြို့အခေါ် ငါးဟောက် မုန့်ဟင်းခါးရည်ချက် အရမ်းကောင်း စီပေါင်းပဲ သူလဲ သိန်းနဲ့ချီတန်တယ်။ တရုတ်တွေက နတ်ကိုးကွယ် ယုံကြည်မူ တအားရှိကြတယ်။ တရုတ်တွေက အဲဒိငါးကို ရိုးရာနတ်ကိုးကွယ် ပူဇော်ပသတဲ့ နေရာမှာ အသုံးပြုကြတယ်။
အလိမ္မာ စာမှာရှိဆိုသလိုပေါ့ဗျာ။ စာဖတ်တဲ့သူက စာမဖတ်တဲ့သူနဲ့စာရင် ပိုသိကြတာပဲ။ ဥပမာ ကရင်ပြည်နယ် သံလွင်မြစ်ဘေး ကကရင်ရွာတွေမှာ ဒီလိုငါးမျိုးတွေ့လို့ကတော့ အပိုင်းပိုင်းခုတ်ထစ် ငါးပိသိပ်လို့ ဘာပြောကောင်းမလဲ။ မြန်မာပြည်ရဲ့ ဈေးအကြီးဆုံးငါးပိကို စားနေကြမှာ အမှန်ပဲ။ တောမှာနေတဲ့ ကရင်လူမျိုးများဟာ သိပ်ရိုးသားကြတာ တချို့ နယ်ဘက်တွေမှာ အဲဒိငါးကို ကနကုတ်လိုလည်း ခေါ်ကြတယ်။
ဒီငါးက လပ်ကီးငါးလို့လဲ ပြောတယ် စီပေါင်းကိုနေပူထဲမလှန်းတာက အလေးချိန်စီးအောင်ပါ။စီပေါင်းမှာ သွေးစွန်းရာ ပွန်းပဲ့ရာ စီပေါင်း အတံရှည်ထိပ်ပိုင်းလေး ပဲ့နေတာဆိုလဲ ဈေးကောင်းမရပါဘူး။ အာ့ကြောင့် ခုနောက်ပိုင်း အကောင်လိုက် ရောင်းရတာပါ။ရွှေငါးရပြီးထဲ့ ရေလုပ်သားတွေက ငါးဖမ်းတာရပ်လိုက်ရပါတယ်။
အာ့ငါးရပြီးတာတောင် ဆက်ပြီးငါးဖမ်းနေသေးရင် ရှိသမျှအကုန်ပြောင်တာပဲ။ တံငါသည်တွေကြားမှာတော့ ဒီငါးရပီရင် တံငါအလုပ် မလုပ်စားနက်နဲ့တော့တံငါအလုပ် ဆက်လုပ်ရင် အကျိုးမဖြစ်တော့ဘူး တခြားအလုပ် ပြောင်းလုပ်ရတယ်လို့ ယုံကြည်ကြတယ်။
“ဟုတ်ကဲ့”ကပ်သမျှင်အစီပေါင်းကို တရုတ်နိုင်ငံမှာ ကာမဆေးဖော်စပ်တဲ့နေရာမှာလည် းသုံးပါတယ်.. ဒါ့အပြင် တရုတ် နာမည်ကြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရာမှာ လည်းအသုံးပြုကြပါတယ် ကပ်သမျှင်အဆီပေါင်းနဲ့ ထုတ်လုပ်ထား တဲ့ တိုင်းရင်းဆေးဟာ အရမ်းဈေးကြီးပါတယ်…။
ကပ်သမျှင် စီပေါင်းကို ဒန်အိုးဖုံးပေါ်တင် ခြင်ထောင်ထဲထည့်ပြီး အပြင်ကပန်ကာဖွင့်ပြီး လေနဲ့ အခြောက်ခံကြတယ်။ အရောင်လှမှ ဈေးကောင်းရတာ။ အာ့ကြောင့် ခုကရေခဲရိုက်လို့ရတော့ အကောင်လိုက်ရောင်းကြတာ။ အထီးစီပေါင်းက ရှည်မျော မျောလေး အမစီပေါင်းကဝိုင်းတယ်ပြောကြတယ်။သူများပြောတာကြားဖူးလို့ပြန်ပြောပြတာပါ။
ကပ်သမျှင်ငါးကို ဒါးကြီးဖြင့်ဗိုက်ခွဲပြီး စီပေါင်းကို သေချာခွါယူရတယ်။ ပြီးရင်ကပ်ကျေးဖြင့် စီပေါင်းကို ညီညာစွာခွဲရတယ်။ အထဲမှ သွေးစနဲအချွဲတွေ ဖယ်ရတယ်။ ပြီးရေစင်အောင် ဆေးပြီး လိုချင်တဲပုံရအောင် ပုံဖေါ်ပြီး နေလှန်းရပါတယ်။ ၄ပုံ ၃ပုံ ခန်းခြောက်သွေးပြီးမှ လေပန်ကာဖြင့်အခြောက်ခံရတယ်။ တရုတ် ကွန်မြူနစ်ပါတီရှေး လူကြီးအကြီးအကဲ အချို့ ကို တန်ဖိုး ကြီးလက်ဆောင်ပဏ္ဍာအဖြစ် ပေးလေ့ပေးထ ရှိတယ် လို့ ကြားဖူးနားဝ ရှိပါသည်။
အလှအပလဲကြိုက်သေးတယ်။ ဝယ်တဲ့တရုပ်က ရှေ့ကဘုလေးနှစ်ဘုဖေါင်းနေရမယ်။ နောက်ပြီး အမှီးလေးက ကြွက်မှီးလေးလို တန်းနေရမယ်။ အဲလိုဖြစ်ဖို့နည်းစနစ်အများကြီးရှိသေးတယ်။ အထီးစီပေါင်းပေါင်းက အလယ်ကထူ ဘေးပက်ချာလယ်က ပါး ပါတယ်။ အမစီပေါင်းက တချပ်လုံး ပါးပါသည်။အထီးအမ ရှိပါတယ်။ အထီးရဲ့စီပေါင်းက ပိုတန်းဖိုးရှိပါတယ်။ ကက်သမျှင် စီပေါင်းဟာ ကျည်ကာမှန်ပြုလုပ်ရာမှာအသုံးပြုတာပါ။
ကပ်သမျှင်မှာ ရွေရောင် နဲ့ ငွေရောင်နှစ်မျိုးမှာ ရွေရောင်ကပ်သမျှင် အထီးစီဖောင်းက ဒေါ်လာသုံးသောင်းနှင့်အထက် ကြီးရင်ကြီးသလို ဈေးကောင်းပါတယ်..စီပေါင်းအခြောက်ကိုနေရောင်မှာထောင်ကြည့်ရင်.ရွှေရောင် အမုံ လဲ့လဲ့လေး မြင်ရတယ် ငွေရောင် ကပ်သမျှင်ကလည်း နေမှာထောင်ကြည့်ရင် ငွေရောင်လဲ့လဲ့ မြင်ရပါတယ်..။
ငွေရောင်စီဖောင်းက တကီလိုကို မြန်မာကျပ်ငွေငါးသိန်းဈေးဝန်းကျင်ပေါက်တယ်..မိခင်ကြီး State3 သားအိမ်ကင်ဆာ ခွဲအပြီး ငွေရောင်စည်ဖောင်း..ဆန်ပြတ်တိုက်တာ တပါတ်နဲ့တင် ဆေးရုံကဆင်းရပါတယ် ခွဲစိတ်မှုအောင်မြင်လို့ ငါးနှစ် ကျော်ပါပြီ..ဆိုလိုတာက. လူမမာအတွက် ထူးထူးခြားခြား အားအင်ပြည့်ဖြိုးစေတာတော့ တွေရပါတယ်။ ရွှေရောင် ဆိုရင်တော့ ပိုစွမ်းမလားဘဲ..ငါးစည်ဖောင်း တော်တော်များများ နှလုံးကို အကျိုးပြုတယ်လို့လည်း မှတ်ရဖူးပါတယ်။
ကပ်သမျှင်ငါးရဲ့ဈေးကြီးရခြင်း အကြောင်းတွေထဲက တစ်ခုပြောပါဆိုရင် စည်ပေါင်းပါပဲ။ ဒီစည်ပေါင်းက အဖိုးတန်ရေမွှေး လုပ်ရာမှာ မပါမဖြစ်ပါရတယ်လို့ ကြားဖူးပါသည်။ တော်ရုံဈေးပေါသော ရေမွှေး၌ထည့်မသုံးနိုင်ပါ။ ကမ္ဘာတဝှမ်းမှအထက်တန်းစား လူဂုဏ်တန်များသာ သုံးစွဲနိုင်သောရေမွှေးတွင်သာအသုံးပြုသည်ဟု မှတ်သားရဖူးပါသည်။
ပြင်သစ်မှ လက်ဗရွန်လိုရေမွှေးမျိုးပါ။ ကပ်သမျှင် အချိန်၄၀ကောင်ဆိုရင် အစို ၁ပိသာ၁၀သားလောက်ရှိတယ်။ ခွဲပြီး လှမ်းမယ်ဆိုရင် ဆံပြာသော ဇကောနှင့် ၁ချပ်လောက်ရှိပါသည်။ အသားမှာကြမ်းသည် ထင်ရပေမဲ့ အရေခွင်ရော အသားပါအလွန်အရသာရှိသော ငါးဖြစ်သည်။ ဟင်းချက်ရာတွင်ဟင်းနံ့မှာမွှေးနေသည်။ အသားကနူးညံ့၍အရေခွံမှာစားလျှင်ထုတ်ထုတ်နှင့်စားလို့ကောင်းသည်။
ငယ်ငယ် ၁၈နှစ်သားအထိ အကြိမ်၂၀မက စားဘူးသည်။ ထိုအချိန်က ပွဲရုံဈေး ၁ပိသာ၄ကျပ်မျှရှိ ဈေးထဲ ရောင်းဈေးမှာ ၁ပိသာမှ ၆ကျပ်ရကျပ်သာရှိ ဈေးပေါ်ကို ၁လ ၁၀ကောင် ၁၂ကောင် ထိတက်။ ဒါအနည်းလေးပြောတာ ကပ်သမျှင် ရလို ဈေးကိုတင်မ်ဆို ငါးကိုအမြည်းနှင့်ခေါင်းကိုကြိုး ချည်ပြီး ဝါးပိုလုံးနှင့် လူနှစ်ယောက်ထမ်း၍ဈေးကို သယ်ပါသည်။
ငါးအမြီး မြေကြီးနှင့် မလွတ်၍သယ်တာပါ။ ရခိုင်မှာ ဆာဖာငါးလို့ခေါ်တယ်ဗျ။ အဲငါးကြီးကြီးရရင် ထီပေါက်သလိုပဲရခိုင်မှာ ပျော်ကြတယ်။
Zawtheinhtut, Ye Htut Oo