စာကူးဆရာ မေတ္တာရှင် (ရွှေပြည်တော်) ကို စာရေးဆရာကြီးတဦးရဲ့ သားက ဒဲ့ပြောလိုက်ပြန်ပါပြီ

ကိုစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ) ရေ ခင်ဗျားတော်တော် ဆိုးတဲ့သူပါ့လား ဘိုးတော်ရဲ့စာကိုလဲ ခွင့်မတောင်းဘဲယူသုံးတယ်။

မောင်သော်ကပြောခဲ့တာမှန်သော်လဲ ပုံနှိပ်စာ လုံးဝမရှိခဲ့လို့ သူ့ရဲ့စကားပြောဟန်ကို ကျွန်တော် အတော်အားထုတ်ပြီးပြန်ရေးထား တဲ့ စာကိုလဲ မောင်သော်က ရေးတယ်ဆိုပြီး ခပ်တည်တည်နဲ့ ပြန် ထည့်ထားတယ်။ ကျွန်တော့်ကို ခရက်ဒစ်တောင်မပေးထားဘူး (ကျွန်တော်ရေးထားခဲ့တဲ့ ကျွန်တော်သိတဲ့ အဖေ့ အကြောင်း ၂၀၁၆ စာအုပ်ထက်စောတဲ့ မောင်သော်ကရဲ့ လူဝံနဲ့ကျား ပုံနှိပ်စာ ရှိရင်ပြောပါ)

ခင်ဗျား အတော်ဆိုးတာဘဲ အခုထက်ထိ စာအုပ်ကိုမမြင်ဖူးသေးဘူး။ ဒါပေမယ့် ခင်ဗျားလူလည် လုပ်ထား တာကိုခန့်မှန်းမိလို့ အားလုံး သိစေဖို့အတွက် ဒီစာကိုရေးလိုက်တယ် ခင်ဗျားကို မက်ဆင်ဂျာမှာ မေးထားတယ် ခင်ဗျားကြည့်လဲမကြည့် ပြန်လဲမဖြေဘူး။

ဘယ်လိုမှ မမှားသင့်တဲ့ အမှားမျိုးကိုလဲကျူးလွန်ထားသေးတယ် အားလုံးကို ပြန်ဖြေရှင်းတဲ့စာကလဲ ခင်ဗျားရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတော်နိမ့် နေတာကို ထင်းကနဲ့ မြင်နေရတယ်။

ခင်ဗျား အတော်ပဲ့တဲ့သူဘဲဗျ သင်္ကန်း ခြုံခဲ့ဖူးတဲ့ ခင်ဗျားကို အားနာလို့ဒီလောက်နဲ့ဘဲရပ်လိုက်တယ် မှတ်ပါ အဖေရောသားရော ဂျင်းထည့် ခံလိုက်ရလို့ တင်းနေတဲ့ ဆရာအောင်သင်းရဲ့သား အောင်မြိုင်သင်း (မာတိကာ ၃၆နဲ့ ၃၉ )

Leave a Reply

Your email address will not be published.

x

You cannot copy content of this page