အစိုးရ လူကြီးမင်းများနှင့် ဉာဏ်မမှီ၊ လိုက်လို့မမှီတဲ့ အရမ်းနက်နဲသည့် ကိစ္စများ

အစိုးရလူကြီးတွေ နည်းနည်းပါးပါးလည်းကြည့်ကြဦး…,

လောကကြီးမှာ.. ကိုယ်ဉာဏ်မမှီတဲ့ လိုက်လို့မမှီတဲ့ အရမ်းနက်နဲတဲ့ ကိစ္စတွေ အများကြီး…

– အဝေးပြေးကားကို ၂ ခုံစာ စျေးနှစ်ဆပေးစီးလာပြီး ရန်ကုန်အဝေးပြေးဂိတ်ကနေ YBS ကို တိုးကြိတ်စီးရတဲ့ကိစ္စမျိုး…

– ကားတစ်စီးထဲအတူကပ်ထိုင်လာပြီး လဖက်ရည်ဆိုင်ကျမှ အလယ်က အကာအရံနဲ့ကန့်ထားတာမျိုး…

– တစ်ယောက်ထဲကားမောင်းလာတာကို စစ်ဆေးရေးက Mask တပ်မထားလို့ ပြောခံရတာမျိုး…

– ကပ်ရောဂါကိုမပေါ့ဆဖို့သတိပေးရင်းက Simcard သက်တမ်းတိုးကိစ္စ မော်တော်ယာဉ်အခွန်ဆောင်သက်တမ်းတိုးကိစ္စတွေကို ပုံမှန်အတိုင်းဖွင့်ပြီး တိုးကြိတ်လုပ်ခိုင်းတာမျိုး…

– ကျောင်းအပြင်မှာ စုပြုံတိုးကြိတ်နေပြီး ကျောင်းဝင်းထဲဝင်မှ ခြောက်ပေစီခွာရပ်ရတာမျိုး…

– လူစုလူဝေးမလုပ်ဖို့၊ ၅ ဦးထက်မပိုဖို့ ၊ Social Distancing လုပ်ဖို့ ကန့်သတ်တားမြစ်ချက်တွေကို အစိုးရက ၁၅ ရက်တစ်ကြိမ် သက်တမ်းတိုးနေပေမယ့် club တွေ bar တွေ beer ဆိုင်တွေ ပေါ်တင်ပြန်ဖွင့်ပြီး လူကြိတ်ကြိတ်တိုးနေတာမျိုး…

စကြာဝဠာရဲ့အစ လူသားအစကိုမှ အဖြေရှာမရတာမဟုတ်ဘူး… ဒီလိုကိစ္စမျိုးတွေကိုလည်း အဖြေရှာမရဘူး…

PandorA (ဘာပဲဖြစ်ဖြစ် NLD ပဲ ပေးမှာပါ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page