ဂျပန်ယမကာ ဘုရင်ကြီး ကီရင် မြန်မာက ထွက်မည်၊ စစ်တပ်အနွယ် ကုမ္ပဏီများကို ရှယ်ယာမရောင်းဟုဆို

ဂျပန်ယမကာဘုရင်ကြီး ကီရင်လည်း မြန်မာပြည်ကနေ ခွာဖို့ဆုံးဖြတ်လိုက်ပါပြီ။

ဒေါ်လာသန်း ၄၃၃.၃ တန်တဲ့သူပိုင် ရှယ်ယာတွေကို အပူတပြင်းထုတ်ရောင်းဖို့ လုပ်နေပါပြီ။ အာဏာသိမ်းအပြီး မြန်မာပြည်ဈေးကွက်ထဲမှာနေပြီး စောင့်ကြည့်တဲ့နည်းလမ်းကိုရွေးချယ်ခဲ့ပေမယ့် လက်တွဲဖော်ဦးပိုင်ရဲ့ ခြေလှမ်းတွေကိုမကြိုက်လို့ ခုလိုထွက်ခွါနန်းကနေ လစ်ဖို့ဆုံးဖြတ်ခဲ့ရပါသတဲ့။

သူ့ရဲ့ကုမ္ပဏီ ၂ ခုမှာရှိတဲ့ဝန်ထမ်းဦးရေဟာ ၁,၅၀၀ ကျော်ရှိနေတာမို့ သူတို့ရဲ့အလုပ်အကိုင်နဲ့ လုံခြုံရေးအတွက် အဆင်ပြေမယ့်နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားနေရပါသတဲ့။ (Francis ZIn)

နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင်လို့ ကီရင်ဘက်က ပြောကြားထားပြီး တပ်မတော်ရဲ့ ၂၀၂၁ ဖေဖော်ဝါရီ အရေးပေါ်အခြေအနေကြေညာပြီးနောက် နိုင်ငံအတွင်းက ထွက်ခွာသွားတဲ့ ပထမဆုံး ဂျပန်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။

ယခုအခါ ကီရင်ဘက်က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းဖို့ လုပ်ငန်းစဉ်တွေ စတင်တော့မှာလည်း ဖြစ်ပါတယ်။

ဘာအကြောင်းပဲ ရှိနေပါစေ ၂၀၂၂ ဇွန်လမှာ မြန်မာနိုင်ငံကနေ အပြီး ထွက်ခွာမယ်လို့ ကီရင်ကုမ္ပဏီက ရည်ရွယ်ထားပါတယ်။

မြန်မာဘီယာအပါအဝင် ဘီယာအမှတ်တံဆိပ် ၅ မျိုးခန့် ထုတ်လုပ်နေတဲ့ မြန်မာဘရူဝါရီကို ကီရင် ၅၁ ရာခိုင်နှုန်းနဲ့ ဦးပိုင်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မိတ်ဖက်ဆက်ဆံရေးကို ရပ်တန့်ပြစ်ဖို့ ကီရင်က ဆုံးဖြတ်ခဲ့ပါတယ်။

ကီရင်က ၎င်းရဲ့ ရှယ်ယာအားလုံးကို စစ်ဘက်နဲ့ ဆက်နွယ်ချိတ်ဆက်မှုမရှိတဲ့ ကုမ္ပဏီတစ်ခုထံ ရောင်းချဖို့ စီစဉ်နေပုံရပြီး ဝယ်သူနဲ့ အရောင်းတန်ဖိုးကို ဇွန်လကုန်မှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ကီရင်ရဲ့ လုပ်ဆောင်ချက်က ဂျပန်ကုမ္ပဏီကြီးတစ်ခုက စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုပါဝင်တဲ့ ဖက်စပ်လုပ်ငန်းကို ဖျက်သိမ်းပြီး နိုင်ငံအတွင်းမှ နှုတ်ထွက်ခြင်းအတွက် ပထမဆုံးအကြိမ် ဖြစ်လာပြီး ကီရင်ရဲ့ ဆုံးဖြတ်ချက်က အခြားကုမ္ပဏီတွေရဲ့ ဗျူဟာတွေကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page