ကျောက်ကပ်အတွက် “ထာဝရဆေး” (သို့) သဘာဝ ဆေးစွမ်းကောင်းတစ်လက်
ကျောက်ကပ်အတွက် “ထာဝရဆေး”
ဖန်ခွက်ထဲကို အုန်းစိမ်းရည်ထည့်၊ ပြီးရင်ကျောက်ဖရုံယိုတစ်တောင့်ထည့်စိမ်ထားလိုက်၊ တစ်နာရီကျော်လောက်စိမ်ထားရင်ရပြီ၊ အရည်လည်းသောက် အဖတ်လည်းစား၊ အဲဒါဟာ ကျောက်ကပ်အတွက် ထာဝရဆေးပြဲဖစ်ပါတယ်။ ကျောက်ကပ်အမြဲတန်းကောင်းချင်ရင် တစ်ပတ်တစ်ခါလောက်သောက်ပေး။ ကျောက်ကပ်မကောင်းတော့ဘူးဆိုရင်လည်း စိတ်မပျက်ပါနဲ့၊ အခုပြောတဲ့ကျောက်ကပ်အတွက် ထာဝရဆေးကို တစ်ပတ် ၃ ကြိမ်စားပေးနိုင်ပါတယ်။
ကျောက်ကပ်ဟာအသက် ၄၀ ကျော်ပြီဆိုရင် အိုဟောင်းသွားတော့တာပါပဲ။ ကျောက်ကပ်အလုပ်လုပ်မှုဟာ အသက် ၄၀ ပြည့်တဲ့ နှစ်ကစလို့ ၁ နှစ်ကို ၁ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ ဒါကြောင့်အသက်ကြီးလာတာနဲ့အမျှ ကျောက်ကပ်လည်း အားနည်းလာတော့တယ်။ သို့သော်လည်းသူ့ကို သေချာထိန်းသိမ်းစောင့်ရှောက်တတ်ရင်တော့ အကောင်းအတိုင်းရှိနေပြီး လုပ်ဆောင်ချက်တွေမကျဆင်းနိုင်ဘူး။ ကျောက်ကပ်အတွက် မြစ်ချင်းပြီး သဘာဝဆေးဟာ ကျောက်ဖရုံသီးဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်တယ်။ ကျောက်ဖရုံသီးကို ကမ္ဘာပေါ်မှာ အကောင်းဆုံးရေဖြစ်တဲ့ အုန်းစိမ်းရည်ထဲထည့်စိမ်လိုက်တဲ့အခါမှာတော့ ကျောက်ကပ်အတွက် ကမ္ဘာပေါ်မှာအကောင်းဆုံးဆေး ဖြစ်သွားတော့တာပါပဲ။
ယခုအခါမှာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေ အများကြီးဖြစ်နေကြပါတယ်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း၊ လုပ်ဆောင်ချက်ကျဆင်းခြင်း၊ ဆီးအမြှုပ်များခြင်း၊ ဆီးဆိပ်များခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်ကင်ဆာစသည်ဖြင့် အမျိုးမျိုးဖြစ်နေကြတာတွေ့ရပါတယ်။
ကျောက်ကပ်ရောဂါဖြစ်တဲ့သူတွေကြည့်လိုက်ရင် မိန်းမထက်ယောက်ကျားက ပိုများတာကိုတွေ့ရပါတယ်။ ယောက်ကျားမှာဆီး – မိန်းမမှာမီးတဲ့။ ယောက်ကျားတွေဆီးမကောင်းရင် ကျောက်ကပ်ရောဂါဖြစ်လွယ်တယ်။ ယောက်ကျားတွေကပေလည်းပေကြတာကိုး။ ဒါကြောင့်လည်း ယောက်ကျားတွေ အသက်တိုကြတာဖြစ်တယ်။
အသက်ကြီးသည်အထိ ကျောက်ကပ်ကောင်းကြတဲ့သူတွေကိုကြည့်ရင် သူတို့ဟာအစားအသောက်ကို သင့်ရုံလောက်ပဲစားကြတဲ့သူတွေဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ ကျောက်ကပ်ဟာ စားသမျှအစားအသောက်တွေထဲက ပါလာတဲ့အညစ်အကျေး အဆိပ်အတောက်တွေကို သန့်စင်ပေးပြီးဆီးလမ်းကြောင်းကနေ စွန့်ထုတ်ပေးရတဲ့ အင်္ဂါဖြစ်ပါတယ်။ သင့်ရုံသာစားရင် ကျောက်ကပ်ကအလုပ်နဲနဲပဲအလုပ်လုပ်ရလို့ မပင်ပန်းဘဲကြာရှည်ခံမယ်။ အစားကြူးရင်တော့ ကျောက်ကပ်က ပင်ပင်ပန်းပန်းအလုပ်လုပ်ရလို့ကြာရှည်မခံနိုင်ဘူး။ အဲဒါအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။
အဲဒီအပြင် ကျောက်ကပ်နဲ့ပတ်သက်ပြီး အခြားသောဆောင်ရန်ရှောင်ရန်တွေလည်း ရှိပါသေးတယ်။ ဘာတွေလည်းဆိုရင်…
-ထုံးဓာတ်များတဲ့ရေကိုရှောင်ခြင်း -အက်စစ်ဓာတ်များတဲ့အစားအသောက်ကိုလျှော့စားခြင်း -အယ်ကာလီများတဲ့အစားအသောက်ကိုပိုစားခြင်း -အသီးအရွက်မစားတဲ့အကျင့်ကိုပြုပြင်ခြင်း -အနီရောင်အသားကိုသင့်ရုံသာစားခြင်း -အသားထက်အဆီကနေကယ်လိုရီပိုရယူခြင်း -ဝမ်းမချုပ်အောင်လေ့ကျင့်ခြင်း -ချွေးထွက်အောင်ပြုလုပ်ပေးခြင်း -သွားနှင့်ခံတွင်းကိုအမြဲသန့်ရှင်းနေစေခြင်း -ကိုယ်လက်လှုပ်ရှားမှုများစေခြင်း -ည ၁၀ နာရီအိပ်ယာဝင်ခြင်း
-အရက်သေစာမူးယစ်ဆေးဝါးရှောင်ရှားခြင်း -အနားယူပေးခြင်း -သင့်ရုံသာစားသောက်ခြင်း -အစာကိုကြေညက်အောင်ဝါးစားခြင်း -ဓာတုဆေးဝါးများကိုလိုအပ်မှသောက်ခြင်း -ကွမ်းယာ၊ ဆေးလိပ်သုံးစွဲမှုမများစေခြင်း -ဆိုဒီယမ်ပါသော အစာများလျှော့စားခြင်း -ပန်းရောင်ကျောက်ဆားသုံးခြင်း -သွေးတိုးစာများလျှော့စားခြင်း -မနက်စောစောစာကိုပြည့်စုံစွာစားခြင်း -ရေသောက်မနည်းစေခြင်း -နေရောင်ခြည်ခံပေးခြင်းတွေပဲ ဖြစ်ပါတယ်။
အဲဒီလိုဆောင်ရန်ရှောင်ရန်တွေကိုသိထားပြီး ကျောက်ကပ်အတွက် ထာဝရဆေးကိုလည်း ပုံမှန်စားပေးသွားမယ်ဆိုရင်တော့ ကိုယ့်ကျောက်ကပ်အတွက် စိတ်ပူစရာမရှိနိုင်လောက်တော့ဘူးပေါ့။ ကျောက်ကပ်ဆေးနေရတဲ့သူတွေလည်း ရှီးပတီးပေါင်းစားခြင်းနဲ့အတူ အခုပေးတဲ့ဆေးကို သောက်နိုင်စားနိုင်ကြပါတယ်။
ကျောက်ကပ်အတွက်ဆေးကို ဘယ်အချိန်မှာစားရမလဲတဲ့။ အသင့်တော်ဆုံးအချိန်ကတော့ ကျောက်ကပ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့ 3pm – 5pm မတိုင်မီနေ့လည် 2pm လောက်ပါပဲ။ ပြီးရင်ရေများများသောက်ပေးပါ။ ကျောက်ကပ်ကအနည်အနှစ်တွေအားလုံး ဆီးလမ်းကြောင်းကနေ ထွက်သွားပါလိမ့်မယ်။ 5pm – 7pm ကဆီးအိမ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့အတွက် အဲဒီအချိန်တွေအထိ ဆီးကောင်းကောင်းသွားပေးနေဖို့လည်းလိုပါတယ်။
ကျောက်ကပ်ရောဂါတွေဟာ ဖြစ်လာရင်သိပ်ကိုစိတ်ညစ်ရတတ်တယ်။ ပိုက်ဆံတွေအများကြီးကုန်ပြီး လူဖြစ်လည်းရှုံးတတ်တယ်။ ဒါကြောင့် မိမိကျောက်ကပ်ကို သဘာဝနည်းနဲ့ စောင့်ရှောက်ပါလို့ နည်းကောင်းလေးတစ်ခုမျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေများအားလုံးကျောက်ကပ်ရောဂါတွေကနေကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ။
ချစ်ခင်လေးစားလျှက်.. စာရေးဆရာမင်းကျော်ဝင်း