သစ်ပင်များ ခုတ်မည် ဖြစ်သဖြင့် ရန်ကုန် (၅) မြို့နယ် တနင်္ဂနွေ နေ့တဝက် လျှပ်စစ်မီး လုံးဝ ပြတ်မည်

ဓာတ်ကြိုးနဲ့ မလွတ်တဲ့ သစ်ပင်တွေကို အမြဲတမ်း ခုတ်နေတဲ့ ရန်ကုန် အီးပီစီက မီးပြတ်မယ့် သတင်းကို ထုတ်ပြန် ကြေညာလိုက်ပါတယ်-

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV သာကေတ-စိန်ပန်းမြိုင်(၁)(၂) ၊ နှစ်ထပ် ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို အရှေ့ပိုင်းခရိုင်မြို့နယ်များမှ ( ၁၂.၁၂.၂၀၂၁ )ရက်နေ့ ( ၀၉:၀၀ )နာရီ မှ ( ၁၃:၀၀ )နာရီအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ မရမ်းကုန်း၊ လှိုင်မြို့နယ်များအတွင်း ယာယီ ဓာတ်အား ပြတ်တောက်မှု ရှိမည် ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။ (ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)

သစ်ပင်ခုတ်ခြင်း၊ မီးကြိုး ပြုပြင်ခြင်း၊ ခွဲရုံ အပြစ်ဖြစ်ခြင်း စသဖြင့် အကြောင်းအရာ ပေါင်းများစွာဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ရန်ကုန်မြို့နေ ပြည်သူများ နေ့စဉ် ခံစားနေရကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page