အရမ်းချမ်းတဲ့ ဆောင်းတွင်းမှာ စောင်နဲ့ ခြင်ထောင် မရှိဘဲ လမ်းဘေးမှာ အိပ်နေရတဲ့ ခိုကိုးရာမဲ့ အဘ

ပုံထဲမှာ ပါတဲ့ အဘက ဦးစန်း ဖြစ်ပြီး အသက်က ၇၄ နှစ် ရှိပြီလို့ သိရပြီး အဘက လူပျိုကြီး ဖြစ်ပါတယ်။

သားသမီး ဆွေမျိုး သိပ်မရှိဘဲ ရိပ်သာမှာနေချင်တယ်လို့ သိရပါတယ်။ ဒီမှာနေလည်း သေတာကိုထိုင်စောင့်နေရမှာဘဲလို့ အဘကပြောပြပါတယ်။

အေးချမ်းတဲ့ ရာသီ ဥတုမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ စောင်မရှိ ခြင်ထောင်မရှိဘဲ ဓမ္မရုံအရှေ့လေးမှာနေထိုင်နေရ ရှာတာပါလို့ လူငယ်စတား လူရွှင်တော်အဖွဲ့မှ ဟားလေးက အဘနဲ့ ပတ်သက်လို့ ပြောပြတာပါ။

အဘရဲ့လက်ရှိ နေရာကတော့ လှိုင်သာယာ ၊(၂၀) ရပ်ကွက်,ငွေလမင်းလမ်း၊ အပိုင် (၃) ဓမာရုံ အရှေ့လေးမှာ နေတာပါ။

အကူညီပေးမည့်သူများ ဆက်သွယ်ရန်-(09.458186150)

ယခုလို အရမ်းအေးတဲ့ ဆောင်းတွင်းအချိန်မှာ နေစရာ နေရာမရှိဘဲ ချမ်းအေးတဲ့ ဒဏ်ကို ခါးစီးခံနေရတဲ့ အဘကို အကူအညီပေးလိုက်ကြပါဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page