ပွဲစားတွေ စကားကို ယုံပြီး ထိုင်းကို ခိုးဝင်လာသူတဦးရဲ့ ရင်ဖွင့်သံ (ကိုယ်တွေ့ ဖြစ်ရပ်မှန်ပါ)
သူတို့ဟာ ကြံခင်းထဲမှာ ၁၀-၁၅ ရက်နေရတယ်။ မိုးရွာရင်အိပ်လို့မရ ခြင်ကိုက် သရဲခြောက်ခံရတယ်။ တစ်ချို့အဖွဲ့ဆို တစ်လထိကြာတယ်တဲ့။
ထမင်းလည်း နေ့တိုင်း မစားရဘူး ဗိုက်ဆာရင် ငှက်ပျောပင်ကိုက်စား အစာမရှိပဲ တောတောင်တွေ နေ့တိုင်းတက်ရတော့ သွားပြီလို့တောင် ထင်ရတယ်တဲ့။ မိန်းကလေး တွေဆို လုံးဝ (လုံးဝ) ကို အဆင်မပြေဘူးတဲ့။ ညဘက် ကြီး တောတောင်တက်ရတော့ ပျောက်တဲ့သူလည်း ပျောက်တယ်တဲ့။ သူတို့အဖွဲ့မှာ ပြောစကား နားမထောင် လို့ဆိုပြီး ထိုင်းလမ်းပြက တစ်ဦးကို ရှင်းပစ်လိုက်တယ် လို့ပြောတယ်….
ပွဲစားက ရွာမှာလာခေါ်တုန်းက မင်းတို့ ဟိုရောက်ရင် လမ်းလျှောက်စရာမလိုဘူး နယ်စပ်ရောက်တာနဲ့ မြန်မာသံရုံးက လူကြီးတွေ ကိုယ်တိုင် လာခေါ်မယ် ဆိုပြီး ဂျင်းထည့်ပြီး လာခေါ်တော့ သူတို့လည်း တစ်ခါမှမရောက်ဖူးတာနဲ့ လာလိုက်တာ မသေတာပဲ ကံကောင်းတယ်တဲ့….
လာချင်သူတွေကို ကိုယ်ချင်းစာပါတယ် ဒုက္ခရောက် နေတာတွေ မြင်ရတော့ စိတ်မကောင်းဖြစ်ရတယ်။
စာရေးသူ-Kyawyeaung (ရှပ်ပုံသား)