ဂျပန်တွေ ရေချိုးတဲ့ ပုံပြင်လို ဖြစ်နေတဲ့ မြန်မာပြည်က (Social Distancing) ခပ်ခွာခွာနေခြင်း

ဂျပန်တွေ ရေချိုးတဲ့ ပုံပြင်လို ဖြစ်နေတဲ့ မြန်မာပြည်က (Social Distancing) ခပ်ခွာခွာနေခြင်း..

ဂျပန်ခေတ်က ရွာထိပ်ကရေတွင်းမှာ ဂျပန်တွေက ထုံးစံအတိုင်း ရေချိုးနေကြတာကို ရွာသူရွာသားတွေက မကြည့်ရဲလို့သူကြီးကို သွားတိုင်သတဲ့။

သူကြီးက ဂျပန်စစ်ဗိုလ်ဆီကိုလိုက်သွားပြီး ဒို့မြန်မာတွေက ရေချိုးရင် ဒီလိုပုဆိုးပိုင်းလေးဝတ်ပြီးမှ ချိုးကြကြောင်း ဂျပန်တွေကိုလည်း ဒီလိုဝတ်ပြီးမှ ချိုးစေချင်ကြောင်း ပြောပြီး ပုဆိုးပိုင်းလေးတစ်ထည်ပေးလိုက်သတဲ့။

ဂျပန်စစ်ဗိုလ်ကလည်း သူ့တပ်ကို ရေချိုးရင် ဒီလိုပုဆိုးပိုင်းဝတ်ချိုးရမည်ဖြစ်ကြောင်း မဝတ်ပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း သူကြီးရှေ့တင်ဘဲ အမိန့်ထုတ်လိုက် သတဲ့။

နောက်နေ့ ရွာထိပ်ကရေတွင်းမှာ ဂျပန်တွေရေချိုးကြတဲ့အခါ ပုဆိုးပိုင်းလေး ဝတ်ပြီးမှသာ ရေချိုးကြသတဲ့။ (တစ်ခုရှိတာက ရေမချိုးရသေးတဲ့လူတွေရော ရေချိုးပြီးသွားတဲ့သူတွေရော အားလုံးက ကိုယ်လုံးတီးတွေချည်းဖြစ်ပြီး ရေချိုးဖို့အလှည့်ကျတဲ့သူကဘဲ ပုဆိုးပိုင်းကလေးကို ဝတ်ပြီး တစ်လှည့်စီ ချိုးကြပါ သတဲ့ဗျာ)

ခုဖြစ်နေကြတာနဲ့ တထပ်ထည်းဘဲ..

(Mar Mar)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page