ခေါင်းလောင်းဖြစ်ပြီး အသံမမြည်တဲ့ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးအကြောင်း သိကောင်းစရာ

မင်းဖြူမှန်မှန်ပြောဆို ကျနော်တို့အားလုံးက မင်းကွန်းခေါင်းလောင်းကြီးလို့ သိထားပြီးသားဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယ အကြီးဆုံးခေါင်းလောင်းဖြစ်တယ်။

ပထမ အကြီးဆုံးက ရုရှားနိုင်ငံက ခေါင်းလောင်းကြီးဖြစ်တယ်ဆိုပြီး သိထားခဲ့ကြတာ မဟုတ်လား။ အခုပြောပြမှာက ရုရှားနိုင်ငံ မော်စကိုမြို့မှာရှိတဲ့ အဲ့ဒီကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးအကြောင်းပါ။

ခေါင်းလောင်းကြီးကို Tsar-Kolokol III (ဇာ ခိုလိုကို လို့ အသံထွက်တယ်) ဆိုပေမယ့် The Tsar Bell လို့သာခေါ်ကြတယ်။ ဇာ ခေါင်းလောင်းပေါ့။ မော်စကိုမြို့ပေါ်က ခရင်မ်လင်နန်းတော်ရာမှာ ဒီနေ့အထိပြထားပါတယ်။

ဇာခေါင်းလောင်းကြီးအကြောင်း မူခွဲတွေရှိပြီး အမျိုးမျိုးပြောကြပေမယ့် အခုပြောမယ့်အကြောင်းရာကိုဖြစ်နိုင်တယ်၊ ဖြစ်တန်ကောင်းပါရဲ့ လို့ယူဆပါတယ်။ ခေါင်းလောင်းကြီးကို မှာ ကြေးသွန်းဆရာအကျော်မော်ဖြစ်တဲ့ Ivan Motorin နှင့် သား ဖြစ်သူ Mikhail တို့က အလုပ်သမား ၂၀၀ ကျော်နဲ့ ၁၇၃၄ မှာ စတင်သွန်းလုပ်ပါတယ်။

၁၇၃၇ ခုနှစ်အထိမပြီးစီးနိုင်သေးဘဲ ကြေးသွန်းရာ နေရာမှာဘဲရှိနေပါသေးတယ်။ အပျောက်အမွှန်းတွေ၊ အရုပ်တွေ ပုံဖော်နေရတာကြောင့်လို့ ဆိုပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနှစ်မှာ မီးကြီးလောင်တယ်။ မီးဒဏ်သင့်တယ်။

ခေါင်းလောင်းတင်ထားတဲ့ သစ်သားစဉ်ကို မီးလောင်ရာက ခေါင်းလောင်းကြီး ပြုတ်ကျပီး ပဲ့ထွက်သွားပါသတဲ့။ အမှန်တော့ မီးလောင်လို့ ခုံပေါ်က ပြုတ်ကျပီး ပဲ့ထွက်တာမဟုတ်ဖူး၊ ခေါင်းလောင်းသွန်းလုပ်စဉ်ကတည်း အစီစဉ်မကျဘူး။

သွန်းလုပ်နေဆဲမှာဘဲ ကြေးမလောက်လို့ ရပ်နားထားရတာကြောင့် ၃ ခါပြန် လုပ်ရပါသတဲ့။ အဲ့ဒီမှာ လက်ရာမကောင်းလို့ သွန်းလုပ်ပြီးစမှာဘဲ ပဲ့ကျတယ်။

မီးလောင်တဲ့ နှစ်နဲ့ တိုးတော့ မီးကို အပြစ်တင်ရင်း ရောချလိုက်တာသာဖြစ်တယ်လို့လည်း ဆိုကြတယ်။ ပြောချင်တာက ခေါင်းလောင်းကြီးက ခေါင်းလောင်းစဉ်ပေါ်ရောက်မလာခဲ့သလို တစ်ခါမှလည်း အသံမြည်အောင်ခေါင်းလောင်းမထိုးခဲ့ရပါဘူးတဲ့။

စိတ်ညစ်ညစ်နဲ့ ပစ်ထားရင်း ၁၈၃၆ ခုနှစ်မှာ ပိသုကာ အကျော်မော် Auguste Montserrand ဆိုသူက ခုမြင်နေရတဲ့ ကျောက်ခုံပေါ်ကိုတင်ပေးခဲ့တာဖြစ်ပါသတဲ့။ ခေါင်းလောင်းကြီးရဲ့ အလေးချိန်ဟာ တန်ချိန် ၁၈၀ ဖြစ်တယ်။ ကျိုးပဲ့ထွက်သွားတဲ့ အပိုင်းတင် ၁၁ တန်ခွဲအလေးချိန်ရှိပါသတဲ့။

အမြင့်ပေ ၂၀ ၊ အချင်း ၂၁ ပေခွဲ ရှိပါသတဲ့။ ဇာခေါင်းလောင်ကြီးဟာ မင်းကွန်းလောင်းခေါင်းကြီးထက် ၅၅ နှစ် ပိုစောတယ်။ အလေးချိန် ၂ ဆ ပိုတယ်ဆိုပေမယ့် မအောင်မြင်တဲ့ ခေါင်းလောင်းကြီးဖြစ်ပါတယ်။

မင်းကွန်း ခေါင်းလောင်းကြီးဟာ ၁၉၀၀ ပြည့်နှစ်အထိ ကမ္ဘာ့အကြီးဆုံး ထိုးနှက်လို့ရတဲ့ ခေါင်းလောင်း (working bell) ဖြစ်နေခဲ့ပါတယ်။

သို့ပေမယ့် ၁၉၀၂ နှစ်မှာ ဂျပန်နိုင်ငံ ၊ အိုဆာကာကျွန်းပေါ်က Shi-Tenno- ji ဘုရားကျောင်းရဲ့ ခေါင်းလောင်းနှင့် ၂၀၀၀ ခုနှစ်တိတိမှာ တရုတ်နိုင်ငံ ၊ ဟေးနန် Henan မြို့၊ Pingdingshan ဘုရားကျောင်းတွေမှာရှိတဲ့ ခေါင်းလောင်းတွေအသီးသီး သွန်းလုပ်ပြီးတဲ့ နောက်မှာတော့ မင်းကွန်းခေါင်းလောင်းကြီးက တတိယ အကြီးဆုံး နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ အခုမြင်နေရတဲ့ ပုံက ၁၈၈၃ ခုနှစ်ကပုံဖြစ်ပါတယ်။

KMT’s အထွေထွေမှတ်စု

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page