ကလေးတွေကို ခမည်းကြိုးတွေ ဆွဲပေးသူများ သတိပြုစရာ (အခုလို ဖြစ်သွားရင် ဘာမှမတတ်နိုင်ပါ)
ကလေးတွေကို ခမည်းကြိုးတွေ ဆွဲပေးသူများ သတိပြုစရာ (အခုလို ဖြစ်သွားရင် ဘာမှမတတ်နိုင်ပါ)
လွန်ခဲ့တဲ့ ၄ လလောက်က ဆေးခန်းကို အဖျားမကျလို့ဆိုပြီး လသားလေးတစ်ယောက်ကို လာပြတယ်။ အဖျားတအားကြီး တော့ဆေးရုံတင် အဖျားမကျတဲ့ အကြောင်း source of infection ကိုလိုက်ရှာတော့ ကလေး လည်ပင်း ဝလို့ အသားခြင်း ထိနေတဲ့နေရာကို ဟကြည့်လိုက်တော့ ပြည်တွေ ထွက်ကျလာရော ညစ်ထေးနေတဲ့ ခမည်းကြိုး ကအထဲမှာ ထိုးဆေး ပထမအကြိမ် ဝင်ရုံရှိသေးတယ်။ ကလေးငယ်ဆုံးသွားရှာတယ်။ သွေးဆိပ်ပျံခြင်းနှင့်အဟာရချို့တဲ့ခြင်းပေါ့။
အဓိကအကြောင်းအရာက မသိနားမလည်မှု စာမတက်တာထက် စာမဖတ်ကြတာ။ ကလေးဆိုတာ ၁၀၀မွေးရင် ၁၀၀လုံး လန့်ပါတယ်။ ညဆိုငိုပါတယ် ။ တစ်လပြည့်ခါနီး နို့အငမ်းမရစို့ရင် နို့အန်ပါတယ် ။
သွားဖုံးမှာ သွားလေးတွေ စထွက်ရင် အယားဖြေ လျှာနဲ့ထိုးတော့ လျှာထွက်ပါတယ် ။ အကုန်ပုံမှန်ပါ။ သူငယ်နာမဟုတ်ပါ ။ နတ်ဖမ်းစားတာမဟုတ်ပါ ။ အပမှီတာမဟုတ်ပါ။ ခမည်းကြိုးတို့ ၊ ခေါစာပစ်တာတို့မလိုပါ။
တနှစ်အောက်ကလေးငယ်များကို ကြိုး ၊ လက်စွပ် ၊ ခမည်းကြိုး ဆွဲတာ ဆင်တာ အားမပေးပါ ။ အန္တရာယ်ဖြစ်နိုင်ပါတယ်။ ပိုသိချင်ရင် မေးစရာ ဆရာမတွေ ၊ ဆရာဝန်တွေ၊ ဆေးပေးခန်းတွေကို သွားမေးလို့ရပါတယ်။ တစ်ရက်ခရီးသွားရတဲ့ နေရာတွေမှ မဟုတ်တာ။ အခုတော့ ရင်းရတာ အသက်တွေ ။ မရှိတာထက်မသိတာကခက်၏။ မသိတာထက် သိသိကြီးနှင့် လိုက်မလုပ်တာက ပိုခက်၏။
Myat Min