ရုရှားစစ်သားတွေ ကာဇက်စတန်နိုင်ငံထဲကို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့တဲ့ နောက်ကွယ်က အကြောင်းရင်း

“ဘာပြောသွားလဲ”

CSTO လို့ခေါ်တဲ့ collective security treaty organization ဆိုပြီး၁၉၉၄မှာ ရုရှက ဦးဆောင်ဖွဲ့ထားတဲ့ ဆိုဗီယက် ဟောင်း နိုင်ငံတွေ အဖွဲ့ရှိပါတယ်။

အဲ့တာက နိုင်ငံအချင်းချင်းကူညီပေးရမယ်ဆိုတဲ့ စစ်ရေးစာချုပ် ဖြစ်ပါတယ်။ အဲ့သည့် စာချုပ်အရ ရုရှက လုံခြုံရေး စိတ်မချရရင် ဦးဆောင် ကူညီရမယ်လို့ ရှိထားတယ်။

အရင်က ၇နိုင်ငံကနေ အခု ၆ နိုင်ငံကျန်တယ် ဥဇဘက်က၂၀၁၂ မှာထွက်သွားလို့ပါ။ အာမေးနီးယား၊ ဘီလာရုစ်၊ ခါဇက်စတန်၊ ကျာဂျစ်စတန်၊ တာဂျီကစ္စတန် နဲ့ရုရှတို့ပါပဲ။

ရုရှအတွက်ကတော့ CSTO ဟာ ဗဟိုအာရှကို ချုပ်ထားဖို့ အဓိကလက်နက်ပါပဲ။ အနောက်အုပ်စုရန်ကရော တရုပ်စိမ့်ဝင်မှုအတွက်ပါကာဖို့ အမြဲတမ်းလက်မှတ်ရထားစေတဲ့ စာချုပ်ဖြစ်ခဲ့ပါတယ်။

အဲ့သည့်စာချုပ်က ၁၉၉၄ ကတည်းက အသက်ဝင်ထားတာဖြစ်ပါတယ်။ အခုလက်ရှိ ခါဇက်စတန်မှာ တပြည်လုံးအုံကြွဆူပူနေတာဟာ ရုရှအတွက် အလွန်အမင်းစိုးရိမ်စရာဖြစ်လာပါတယ်။

သူ့နယ်စပ်မှာ အကြမ်းဖက်မှုတွေ လာဖြစ်နေတာဟာ လောင်စာဆီကိစ္စက စလိုက်တာဖြစ်ပေမဲ့ ဒါကို ခါဇက်စတန်သမ္မတက ပြည်ပပယောဂလို့စွပ်စွဲပေးလိုက်တယ်။ ခါဇက်စတန်သမ္မတဟာ ရုရှ backed ဖြစ်ပါတယ်

အဲ့သည့်လို စွပ်စွဲတာဟာ သက်သေမရှိပေမဲ့ ရုရှက ဖြစ်ဖြစ်ခြင်း ပြင်ပပယောဂတွေမဝင်ဖို့ သတိပေးကြေငြာလိုက်တယ်။ ဒါဟာ ပြည်တွင်းရေးဖြစ်တယ် လက်ရှောင်ပါလို့ ပြောလိုက်ပြီး သူကတော့ CSTO ကိုကိုင်စွဲပြီး
လေယာဉ် အစင်း၇၀ နဲ့ စစ်သား၂၅၀၀ ကို ခါဇက်စတန် တနိုင်ငံလုံးဆီကို လေထီးနဲ့ဆင်းသက်တပ်ဖြန့်ချလိုက်တယ်။

အဲ့သည့်မရှေးမနှောင်းမှာပဲ သူထောက်ခံပေးထားတဲ့သမ္မတက ပစ်မိန့် ထုတ်လိုက်တယ်။ အမေရိကန်ကတော့ အိမ်ဖြူတော်ကနေ မေးခွန်းထုတ်လိုက်ပါတယ်။

မင်းတို့ သွားတာ သူတို့ဖိတ်လို့လားတဲ့။ ပူတင်က စာချုပ်ထောင်ပြလိုက်တယ်

သဒ္ဓါအားဖြင့်
Pi Lon

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page