စကစ ဆယ်တန်းတုကလေးတွေရဲ့ စင်ကာပူဂျင်းခရီးစဉ်ကို အကြောင်းသိသူတဦးက ဖွင့်ချလိုက်ပြီ
(ဉာဏ်နည်းတဲ့ ဆယ်တန်းတုလေးတွေကို ဂျင်းထည့်လိုက်တဲ့ စစ်ကောင်စီ) ၇ ရက်နေ့မှာ သွားတာကို ကြည့်ရင် မနက်ပိုင်းက beach ၃ ခု။ ဆိုပေမယ့် အဲဒါတွေက ကပ်လျက် ရှိနေတဲ့ beach လေးတွေ။ ရေကူးဝတ်စုံတွေနဲ့ ဘာနဲ့ သွားတာ မဟုတ်တော့ ဒီတိုင်း လမ်းလျှောက် ဓာတ်ပုံရိုက်ပြီး ပြန်တာနေမယ်။
ယူနီဗာဆယ် စတူဒီယို ဆိုတာလည်း ဟို ride ဒီ ride စီးမယ်ဆိုရင် စောင့်ရတာနဲ့ ဘာနဲ့ တစ်နေကုန် နေရတာ ဆိုတော့ ရှေ့က ကမ္ဘာလုံးမှာ ဓာတ်ပုံရိုက်တာလောက်ပေါ့။ အမယ် ရထားသေးသေးလေး တစ်ဘူတာ စီးတာတောင် ထည့်ရေးထားသေးတယ်။
ကားတွေနဲ့ Science Centre သွားသေးတယ် ဆိုတော့ အထဲတောင် ဝင်ရရဲ့လား။ သူက ညနေ ၆နာရီဆို ပိတ်တာ။ ပြီးတော့ NTU ကိုလည်း သွားသေးတယ်။ ပြီးတော့ ဗီဗိုစီးတီး ပြန်ရောက်ပြန်ရော။ ဒါတော့ ရေးတာ မှားတာ နေမယ်။ ခုန ရထားတစ်ဘူတာ စီးတုန်းက ရောက်တာ ဗီဗိုးစီးတီးလေ။
အန်တီယူကနေ မြို့ထဲပြန်လာပြီး Singapore Flyer လို့ ခေါ်တဲ့ ချားကြီးစီးတာကိုလည်း စင်္ကာပူ တစ်မြို့လုံးပေါ် ရဟတ်ယာဉ်နဲ့ လိုက်ကြည့်သလို ရေးထားလိုက်တာ။
အဲလောက် သွားတာ လမ်းတောင် ရိုးရိုးလျှောက်ရုံနဲ့ မရဘူး။ အပြေးတပိုင်းလေး သွားမှ ရမယ်။ ပြေးဟေ့ ပြေးဟေ့။ ကဲ လူစု ဓာတ်ပုံရိုက်မယ်။ ဆက်ပြေး ဆက်ပြေး အဲလိုပေါ့။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)