ကမ္ဘာအေးစေတီဝင်းအတွင်းမှ တိမ်မြုပ်နေသော သမိုင်းတန်ဖိုးကြီးအမွေအနှစ်များ (ထိန်းသိမ်းသင့်ပါတယ်)

ဆဋ္ဌသဂ်ါယနာ တင်ပွဲ (မေ ၁၉၅၄-မေ ၁၉၅၆)နှင့်အတူ မြန်မာဗိသုကာများနဲ့ကမ္ဘာကျော်အမေရိကန်ဗိသုကာ Benjamin Polk (1916-2001) တို့ရဲ့လက်ရာ အဆောက်အဦးများ နဲ့ landscape တို့ဟာ ဗိသုကာလက်ရာတန်ဖိုး၊ သမိုင်းတန်ဖိုး ကြီးမားပါတယ်။

မသိနားမလည်မှုတွေနဲ့ ကိုယ်ထင်ရာပြင်ဆင်မှုတွေကြောင့် တန်ဖိုးတွေ မယုတ်လျော့သွားအောင် ထိန်းသိမ်းဖို့လိုအပ်နေပါတယ်။

တချိန်မှာ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များကို အလည်အပတ်၊ ဗိသုကာလက်ရာလေ့လာရေး၊ ဘာသာရေး ခရီးစဉ်များဖြင့် ဆွဲဆောင်နိုင်သလို ယူနက်စကိုရဲ့ modern heritage အဖြစ်လည်း သတ်မှတ်ဖို့ ထိုက်တန်တဲ့နေရာပါ။ အောက်က ပုံတွေမှာ စာနဲ့အတူ ဖော်ပြထားပါတယ်-

(၁) သံဃာ့ဆေးရုံ သစ်ပင်အလှနဲ့အဆောက်အဦးအလှကိုဖုံးထားတာ

(၂) ပိဋကတ်တိုက်

(၃) ရေမထွက်တော့တဲ့ရေပန်းတိုင်

(၄) လှလိုက်တဲ့မျက်နှာကြက်နဲ့ပန်းဆိုင်းတွေ

(၅) ပြတိုက်

(၆) ပြတိုက်ထဲကရှေးအုတ်ခွက်ဘုရားတွေ

(၇) ၁၉၅၀ ခုနှစ်များဆီကခေတ်ရှေ့ပြေးစာသင်ခန်းမ

(၈) မဟာပါသဏလှိုဏ်ဂူဟာ ပထမသဂ်ါယနာတင်တဲ့အိန္ဒိယက သတ္တပါနိဂူပုံစံဆောက်ခဲတယ်။ တောတောင်သစ်ပင်တွေနဲ့ငြိမ်းချမ်းတဲ့လှိုဏ်ဂူပေါ့။ အခုတော့ သန့်ရှင်းရေးတွေလုပ်လိုက်တာနေပူလေတိုက်ခံနေရတဲ့လှိုဏ်ကတုံးဖြစ်သွားရရှာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page