လူမင်းနဲ့ ရဲတိုက်တို့ကို အမြန် အမှုစစ်ပြီး ထောင်ချလိုက်ရတဲ့ နောက်ကွယ်က အကြောင်းရင်း

ပုဒ်မ ၅၀၅(က) နဲ့အစွဲခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်နဲ့ လူမင်းတို့ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးက ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃နှစ်စီချမှတ်လိုက်တာပါ။

ချုပ်ရက်တွေလျှော့ပေါ့ခံစားခွင့်ရတဲ့အတွက် သရုပ်ဆောင်ရဲတိုက်ဟာ စုစုပေါင်း ၂နှစ်နဲ့ ၄လနီးပါး ပြစ်ဒဏ်ခံရမှာဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက်ဟာ မရမ်းကုန်းမြို့နယ်ရဲစခန်းက စွဲဆိုထားတဲ့အမှုကိုလည်းရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

သရုပ်ဆောင်လူမင်းကိုလည်း ရဲတိုက်နဲ့တရက်တည်းမှာပဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့တာဖြစ်ပြီး တခြားနာမည်ကြီးအနုပညာရှင်တွေကိုလည်း ဒီဇင်ဘာ ၃၀ရက်နေ့မှာရုံးထုတ်လာတာတွေ့ရတယ်လို့ဆိုပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကိုတော့ ဒီဇင်ဘာ ၂၇ရက်နေ့မွန်းလွဲပိုင်းမှာ အင်းစိန်ထောင်တွင်းအထူးတရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပါတယ်။ နာမည်ကျော် ပရဟိတသမား စာရေးဆရာမ သန်းမြင့်အောင်ကိုလည်း ဒီဇင်ဘာ ၂၇ရက်နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပါတယ်။

ဒီလိုနာမည်ကျော်အနုပညာရှင်တွေကို ထောင်ဒဏ်တွေဆက်တိုက်ချနေတာဟာ ပြစ်မှုထင်ရှားတယ်ဆိုရင်တောင် အမြင့်ဆုံးပြစ်ဒဏ်တွေချခဲ့တာ သဘာဝမကျဘူးလို့ ရှေ့နေဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။

သရုပ်ဆောင်ရဲတိုက်လိုပဲ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော်ပိုပို၊ ဆယ်လီဝင်းမင်းသန်းတို့ရဲ့အမှုတွေကိုလည်း အင်းစိန်ထောင်တွင်းတရားရုံးမှာ နေ့စဉ်ဆက်တိုက်စစ်ဆေးခဲ့တာပါ။ မူလကမှုခင်းစီမံခန့်ခွဲရေးအစည်းအဝေး မှတ်တမ်းတွေအတိုင်းမဆောင်ရွက်ဘဲ စစ်ကောင်စီရဲ့ညွှန်ကြားချက်အသစ်နဲ့ အနုပညာရှင်တွေကို ထောင်မြန်မြန်ချနိုင်အောင် အမှုမြန်မြန်စစ်ခဲ့တာလို့ ရှေ့နေဦးခင်မောင်မြင့်က ဝေဖန်ထားပါတယ်။

ထောင်တွင်းက ပြန်ကြားရတဲ့ သတင်းအချို့ကတော့ အမှု မြန်မြန်စစ်ပြီး ထောင်မြန်မြန်ချရင် လွတ်ငြိမ်းထဲမှာ ပါနိုင်တယ်လို့ မျှော်လင့်ရကြောင်း၊ အမှုစစ် ကြာနေရင်သာ လွတ်ဖို့ မှန်းဆလို့ မရကြောင်း၊

အခုလို နာမည်ကြီး အနုပညာရှင်တွေကို ထောင်အမြန်ချတာဟာ နှစ်သစ်ကူးမှာ လွှတ်ပေးနိုင်ကြောင်း အကျဉ်းထောင်ထဲ ရောက်ရှိဖူးတဲ့ ဝါရင့်အကျဉ်းသမားများက မှတ်ချက်ပေးနေပါတယ် ခင်ဗျာ။

ပြည်သူ့ဖက်က နေတဲ့ ပြည်သူချစ် အနုပညာရှင်များ မတရားဖမ်းဆီးခံရမှုမှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဒီနေရာကနေ ဆုတောင်းပေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page