စံချိန်တင် မြင့်တက်လာတဲ့ ဂျပန်တပတ်ရစ်ကားဈေးနဲ့ မြန်မာ့ကားလောကအပေါ် သက်ရောက်မှု

ဂျပန်နိုင်ငံမှာ မော်တော်ကားထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ ထောက်ပံ့ရေးကွင်းဆက် အခက်အခဲတွေကြောင့် ကားသစ်များထုတ်လုပ်မှု လျော့နည်းနေပြီး တပတ်ရစ်ကားတွေရဲ့ စျေးနှုန်းဟာ နို၀င်ဘာလမှာတော့ ဆယ်နှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တပတ်ရစ်ကားတွေရဲ့ ပျမ်းမျှလေလံစျေးနှုန်းဟာ ဒေါ်လာ ၈၃၀၀ ခန့်ရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်ကထက် ၃၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ကပ်ရောဂါကြောင့် အရှေ့တောင်အာရှရှိ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခဲ့ရတာကြောင့် မော်တော်ကား အစိတ်အပိုင်းတွေလည်း ရှားပါးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုပြဿနာတွေကြောင့် ကားဟောင်းတွေကို ကားသစ်တွေနဲ့ အစားထိုးလဲလှယ်စီးနှင်းဖို့ နှောင့်နှေးမှုတွ ဖြစ်ပေါ်စေတယ်လို့ တပတ်ရစ်ကားစျေးကွက်မှ အရောင်းအ၀ယ်သမားတွေကပြောပါတယ်။

ဂျပန်တပတ်ရစ်ကားတွေဟာ စျေးကွက်မှာ နာမည်ကောင်းရှိနေပြီး အာရှနဲ့ အာဖရိကစျေးကွက်မှ ၀ယ်လိုအားမြင့်တက်နေပါတယ်။

မြန်မာ့ ကားဈေးကွက်မှာလည်း စကစ က ကားသစ်များကိုသာ တင်သွင်းခွင့် ပြုမယ်လို့ အမိန့်ထုတ်ထားတာကြောင့် ကားဟောင်း ဈေးများ အတက်ကြမ်း လျက်ရှိနေပြီး ယခု ဖြစ်စဉ်ကြောင့် အပိုပစ္စည်းများပါ ဈေးတက်နိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page