ဒီနိုင်ငံမှာ ကာချုပ်ကို အလုပ်ဖြုတ်နိုင်တာ ဘယ်သူဖြစ်မလဲ?
ဒီနိုင်ငံမှာ ကာချုပ်ကို အလုပ်ဖြုတ်နိုင်တာ ဘယ်သူဖြစ်မလဲ?
အမြင့်ဆုံးဘက်ဂျက်ကို ယူပြီး အကောင်းဆုံးအကာကွယ်မပေးနိုင်လို့ ဆိုပြီး တပ်ချုပ်ကို ဘယ်သူမှအလုပ်ဖြုတ်လို့မရဘူး …. သမတကို လွှတ်တော်က အလုပ်ဖြုတ်လို့ရတယ် … သမ္မတ မဟုတ်သူတွေ အားလုံးကို သမ္မတက အလုပ်ဖြုတ်လို့ရတယ် … အဲဒီအထဲမှာတပ်ချုပ်မပါဘူး …
တပ်ချုပ်ကို ဘယ်သူမှ ဘာအကြောင်းပြချက်နဲ့မှ အလုပ်ဖြုတ်ခွင့်မရှိဘူး … သွသူ မလုပ်ချင်တော့တဲ့ အထိ အလုပ်လုပ်ခွင့် ရှိတယ် …. တပ်ချုပ်က ဘက်ဂျက်တောင်းရင် လွှတ်တော်က တိုင်းပြည်ဆင်းရဲနေပါတယ်လို့ ဆင်ခြေပေးပြီးငြင်းခွင့်မရှိဘူး … အမြင့်ဆုံးဘက်ဂျက်ကိုယူပြီး အောက်ခြေတပ်မတော်သားလေးတွေကို ဘာကြောင့်အငတ်ငတ်အပြတ်ပြတ် ထားတာလဲဆိုပြီး ကာချုပ်ကို စစ်ဆေးခွင့်မရှိဘူး …
လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် လွှတ်တော်ထဲရောက်ဖို့ လူပေါင်းသိန်းချီထောက်ခံရပေမဲ့ ကာချုပ်လက်မှတ် တစ်ချက်ထိုးလိုက်တာနဲ့ စစ်သားအယောက် (၁၀၀)ကျော် လွှတ်တော်ကိုယ်စားလှယ် ပက်ကနဲ့ဖြစ်တယ် … နိုင်ငံခြားနဲ့ စစ်ဖြစ်လို့ သမ္မတကိုသွား အားမကိုးနဲ့ ကာကွယ်ရေးက တပ်ချုပ်အောက်မှာ … ပြည်တွင်းခိုးဆိုးလုနိုက်တွေ သောင်းကျန်းလို့ သမ္မတကိုသွားမတိုင်နဲ့ … ပြည်ထဲရေးက တပ်ချုပ်ကိုင်ထားတာ ..
အနောက်တံခါးက ခိုးဝင်ဘင်္ဂလား နဲ့ အရှေ့တခါးက တရုတ် သယံဇာတ သူခိုးတွေ ကို တားဆီးပေးဘို့ ပြည်သူ့သမ္မတကို တောင်းဆိုလို့မရဘူး နယ်/လုံ ဝန်ကြီးက တပ်ချုပ်လက်ခုပ်ထဲက ရေ … တစ်ကမ္ဘာလုံးမှာ သမ္မတက တပ်ချုပ်ကိုခန့်တယ် မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီမှာတော့ သမ္မတ ကို တပ်ချုပ်က ခန့်တယ် …
ဖွဲ့စည်းပုံအရ တပ်ချုပ်ရဲ့ လုပ်ပိုင်ခွင့်တချို့ တဝက်ကို ရွတ်ပြတာ … အရှေ့မှာ အချုပ်အခြာအာဏာ ပြည်သူကဆင်းသက်တယ် ဆိုပြီး အချိုလောင်း ထားပေမဲ့ အနောက်မှာ တတိုင်းပြည်လုံးရဲ့ ကံကြမ္မာကို တပ်ချုပ်ဆိုတဲ့ နိုင်ငံသား တစ်ယောက်ဆီမှာ အပ်ထားတဲ့အခြေခံဥပဒေကို မပြင်ချင်တာက ထမင်းမစားတဲ့သူတွေဘဲ ဖြစ်မယ်..
San Aung