ယာဉ်စစ်ဆေးခြင်း မလုပ်ဘဲ လိုင်စင်သက်တမ်းတိုးနိုင်မယ့် ကာလကို ကညန ကြေညာ
ယခုနှစ် ဇွန်လကုန်အထိ မော်တော်ယာဉ်နှင့်ဆိုင်ကယ်များကို ယာဉ်စစ်ဆေးခြင်း မပြုဘဲ သက်တမ်းတိုးခွင့်ပြုသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် လိုက်ပါတယ်။
သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် ခရီးသည်တင်ယာဉ်မှအပ ကျန် မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များအား ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
လတ်တလော အခြေအနေတွင် ကညန လုပ်ငန်းစဉ်များ အတည်တကျ မရှိသေးဘဲ လူလိုင်စင် သက်တမ်းတိုးရာတွင်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပွဲစားနဲ့ ငွေပေးလိုက်ရင် ကညနကို ဝင်ရလွယ်ကြောင်း၊ ပွဲစားတွေ ခြေရှုပ်လျက်ရှိကြောင်း လူလိုင်စင်သွားလုပ်တဲ့ ပြည်သူတဦးက ပြောကြားခဲ့ပါတယ်။