အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပနအခမ်းအနား ကျင်းပခဲ့သည့်နေရာ (သို့) ဂျူဗလီဟော
“ဂျူဗလီဟော”
ဂျူဗလီဟော(Jubilee Hall)ကို ရွှေတိဂုံ ဘုရားလမ်း၌ ဝိတိုရိယဘုရင်မကြီး၏ နန်း သက်(၆၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရည်မှန်းပြီး မဟာဝန်ရှင်တော်မင်းကြီး အလက် ဇန္ဒား မက်ကင်ဇီ ဦးစီး၍ ၁၈၉၅ ခုနှစ်၊ ဇန်န ဝါရီလမှ စတင်တည်ဆောက်ခဲ့ကာ ၁၈၉ရ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး တစ်ခေတ် တစ်ချိန်အခါက ရန်ကုန်မြို့၏ အထင်ကရ အဆောက် အအုံကြီး ဖြစ်ခဲ့သည်။
အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက် ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ရက်၌ ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအ နားကိုလည်း ဂျူဗလီဟောတွင် ကျင်းပခဲ့ ေြကာင်း သိရသည်။ ယင်းအချိန်က အရှေ့ တိုင်းစာပေပါမောက္ခ ဦးဖေမောင်တင်နှင့် ဒီး ဒုတ်ဦးဘချိုတို့ ပါဝင်ဖျော်ဖြေသော မြို့မ ကျောင်းတည်ဆောက်ရန် ရန်ပုံငွေရှာဖွေ သည့်ပွဲကိုလည်း ဂျူဗလီ ဟောတွင် ကျင်းပခဲ့ ပြီး မြို့မကျောင်းကို တည်ဆောက်နိုင်ခဲ့ကာ မြို့မကျောင်းမှာ ယနေ့တိုင်တည်ရှိနေသည် ကိုတွေ့ရသည်။
ထို့အပြင် ရန်ကုန်မြို့၏ သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ရန်ကုန် တက္ကသိုလ်ဓမ္မာရုံတည်ဆောက်ရန် အစည်းအဝေး ပွဲများပြုလုပ်ခဲ့ပြီး ရန်ပုံငွေရှာဖွေရေးပွဲလမ်း သဘင်များကျင်းပခဲ့သည်။
ယင်းကဲ့သို့ရန်ပုံ ငွေများရှာဖွေနိုင်ခဲ့ခြင်းကြောင့် ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဝတ်ပြုအလှူ ဒါနပြုလုပ်နိုင်သည့်ဓမ္မာရုံကို တည် ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် တွေ့မြင် နေရဆဲဖြစ်သည်။
ဂျူဗလီဟောတွင် ပွဲလမ်းသဘင်များ ကျင်းပခဲ့ပုံကို ”အဲဒီအချိန်တုန်းက ရန်ကုန် တက္ကသိုလ်မှာ ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ ဂျပ်ဆင်ရှိပေမယ့် ဗုဒ္ဓ ဘာသာဝင်တွေ ဝတ်ပြု အလှူဒါနပြုလုပ်နိုင်ဖို့ အတွက် ဓမ္မာရုံမရှိသေးလို့ ဓမ္မာရုံတစ် ခုတည် ဆောက်နိုင်ဖို့အစည်းအဝေးတွေလုပ်ပြီး ရန်ပုံငွေရှာဖွေရေးဖျော်ဖြေပွဲတွေ လုပ်ခဲ့ပါတယ်။ ရေသည်ပြဇာတ်၊ မင်းကုသဇာတ်၊ သုဝဏ္ဏ သာမဇာတ်တွေအပါအဝင် အခြားအစီအ စဉ်တွေကို ဂျပ်ဆင်ကောလိပ်၊ ဆရာဖြစ်သင် ကောလိပ် က ကျောင်းသားတွေ ကပြခဲ့ကြတာ လိုအပ်တဲ့ရန်ပုံငွေတွေရခဲ့ကြပါတယ်” ဟု ယင်းအချိန်က ဂျပ်ဆင်ကောလိပ်ကျောင်း သားတစ်ဦးဖြစ်သည့် အသက် ၉၁ နှစ်အရွယ် အဘဦးလူလှက ဆိုသည်။
ဂျူဗလီဟော (Jubilee Hall) ဟူသည့်အမည်ကို အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပနအခမ်းအနား ကျင်းပသည့်နေရာဟု ကြားဖူးကြမည်ဖြစ်သော်လည်း တည်နေရာ ကို မေးမြန်းလျှင် ယနေ့ခေတ် လူငယ်များအနေဖြင့်ပြောဆိုနိုင်ခြင်း မရှိ သလောက်ဖြစ်နေသည်။
၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက် တွင် ဂျူဗလီဟောကိုဖျက်၍ တပ်မတော်စစ် သမိုင်းပြတိုက်အဖြစ် တည်ဆောက်ခဲ့သောကြောင့် တွေ့မြင်နိုင်ခြင်းမရှိတော့သည့် သမိုင်း ဝင်နေရာတစ်ခုဖြစ်နေသည်ကို ဝမ်းနည်းဖွယ် ရာတွေ့မြင်ရသည်။
Nyithan Lwinoo