(၅၀၀) ကျပ်တန် ထမင်းဆိုင်နဲ့ အလကားရရင် လေတောင် အဝရှူမယ့် ရွှေမြန်မာတွေ (အမုန်းခံ ရေးပါစေ)

“၅၀ဝိ/-” “မရေးဘူး လို့ နေတာ အဆဲ ခံပြီး ရေးပါ ရစေ”

အမှန်တကယ့်တော့ ၅၀ဝိ/ ဆိုတာ အဆင်မပြေကြတဲ့ မရှိ ဆင်းရဲသား ပြည်သူတွေ အတွက်ဆို ပိုအဆင်ပြေလိမ့်မယ်လို့ ကျုပ်အမုန်း ထင်မိပါတယ်။

ဘာကြောင့်ဆို ဒီအချိန် ဒီကာလကြီးမှာ ဆန်ပြုတ်သောက် မနည်းရှာစားပြီး နေနေရ‌တဲ့ ပြည်သူ တချို့ ရှိပါတယ်ဗျ။ အဲ့လိုအခြေနေမှာ မိမိတို့ မိသားစုလေးတွေ အတွက် ယခုကဲ့သို့ ၅၀ဝကျပ်တန် ဆိုင်လေးတွေ ပေါ်လာတော့ သူတို့အတွက် အဆင်မပြေဘူးလား?

ဖွင့်ပေးကျတဲ့ အလှူရှင်များကိုလည်း ကျေးဇူး သို့သော် တခုတော့ လွဲနေ တယ်လို့ ထင်မိ၏။ အများပြည်သူ လာရောက် စားသောက်နိုင်အောင် ၅၀ဝ ကျပ်တန် ထမင်းဆိုင် ဖွင့်ထားတဲ့နေရာကို တော်ရုံ စားနိုင်သောက်နိုင်သူတွေက မစားပဲ အမှန်တကယ့် ဒုက္ခရောက်နေတဲ့ လူတွေ ဆန်ပြုတ်တောင် အနိုင်နိုင် သောက်နေရတဲ့ မိသားစုတွေကို ခေါ်လာ လမ်းပြရပါမယ်။

ဒါကို တချို့က ၅၀ဝ ကျပ်တန် အလှူရှင်နဲ့ သိတယ်ဆိုပြီး အလှူဒါနမြောက်အောင် အလကားဝါးတီး ဖွင့်သွား သေးတယ်။

ခင်ဗျားစားမယ့် တခွက်ကို ခင်ဗျားထက် ဆင်းရဲသူကို ပြန်ဝေငှလိုက်ရင် ဒါနအလှူ စေတနာဆိုတာ အလှူကြီးလုပ်မှ မဟုတ်ပါဘူး ခင်ဗျာ။ ကျုပ်ပြောတာ ရိုင်းသွားလား? အမှန်တကယ့် လိုအပ်နေတာကို ထောက်ပြ ပြောဆိုဝေဖန်ခြင်း ဖြစ်ပါတယ်ဗျ။

ဒီတော့ ၅၀ဝ ကျပ်တန်တန် ထမင်းဆိုင်နဲ့ သိတဲ့ မိတ်ဆွေများရော၊ အလှူရှင်များသာမက ဆန်ပြုတ် သောက်နေရတဲ့ မိသားစုများကို ဆိုင်ရှိရာ လမ်းပြပေးကြပါလို့ အကူညီတောင်းခံ တင်ပြပေးလိုက်ပါတယ်။

မှတ်ချက် – ၅၀ဝိ/-ထမင်းဆိုင်လေးတွေကို အလှူရှင်များ တဖက်တလမ်းက ကူညီပေးရင်လည်း အဆင်ပြေ၏။

ကျုပ်အမုန်းပါ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page