ထူးဆန်းတဲ့ အစွမ်းသတ္တိတွေရှိတဲ့ သိဒ္ဓိဝင်​ “ဂျိုးအမြု​တေ” အ​ကြောင်းနဲ့ စမ်းသပ်နည်း

“ဂျိုးအမြု​တေ” ဆိုသည်​မှာ ဂျိုးငှက်​၏ ဥပင်​ဖြစ်​၏။ သို့ရာတွင် ​အခြားဥများနှင့် မတူ၊ သာမန်​ဥများသည် ​ဥ​ပြောက်​များဖြစ်​ပြီး အမြု​တေဥသည်​ အဖြူ ​ဗြောင်​ဖြစ်​၏။

အမြု​တေ ထွန်းနိုင်​​သော ဂျိုးငှက်​သည်​ အခြားဂျိုးငှက်​ များနဲ့ မတူ​သော သဘာဝရှိပြီး အသိုက်​ပြုလုပ်​ရာတွင်​လည်း၊ အခြားဂျိုးငှက်​များကဲ့သို့ အပင်​များ၊ အကိုင်​းများ အထက်​ဝယ်​ အသိုက်​ပြုလုပ်​၍မရှိဘဲ သစ်​​ခေါင်းများ၊ ခြုံပုတ်​များအတွင်း၌သာ အသိုက်​ပြုလုပ်​ ​နေထိုင်​ကြ​လေသည်​။

ဂျိုးအမြုတေသည် အထူးသဖြင့် ကာယသိဒ္ဓိ ပြီးစီးစေသည်။ မီးကွင်း ​လေသည်​။ ဂျိုးအမြု​တေသည်​ ခွဲ၍မရ၊ အလွန်​မာ​ကျော၏။ အမြု​တေဥထွန်းထား​သော ခြုံပုတ်​ထဲရှိ ဂျိုးငှက်​၏ အသိုက်​သည်​ ​တောမီး​လောင်​​သော်​လည်း ယင်းအမြု​တေရှိ​သော ဂျိုးငှက်​၏ အသိုက်​ခြုံပုတ်​ အနီး ဆယ်​​ပေခန့် အထိ မီးများမ​ရောက်​နိုင်​ဘဲ မီးကွင်​း​နေတာကို ​တွေ့ရှိခဲ့ကြ​သော ကိုယ်​တိုင်​​တွေ့ ဖြစ်​ရပ်​များလည်း ရှိခဲ့​ပေသည်​။

ထို​ကြောင့် ဂျိုးအမြု​တေသည်​ မီးဖြင့် ပြုလုပ်​ထား​သော ဒါး၊ လှံ၊ သနတ်၊ ကျည် စသည်​ပစ္စည်းများ၏ အစွမ်းသတ္တိအား ပယ်​ဖျက်​​စေနိုင်​​သော အစွမ်းရှိသည့်အတွက် ဂျိုးအမြုတေဆောင်သူသည် ကာယသိဒ္ဓိပြီးစီးသည်ဟု ဆိုနိုင်ပေသည်။

ဂျိုးအမြု​တေစစ်​ ၊ မစစ်​စမ်းသပ်နည်း

အချို့နည်းများသည်​ ဂျိုးအမြု​တေအား လက်​သမားသုံးကိုက်​တံဖြင့် ညှပ်​၍ ဆယ်​​ပေါင်​တူဖြင့် ထုခြင်း…စ ​သော နည်းမျိုးစုံဖြင့် စမ်းသပ်​ကြသည်​။ ​အောက်​ပါနည်းမှာ အလွန်​လွယ်​ကူ၏။

ကြွေပန်းကန်​လုံး တစ်​လုံးအတွင်း ​ရေအနည်းငယ်​ထည့်၍ ဂျိုးအမြု​တေ ဥ၏ အပြင်​နံရံနှင့် ​ကြွေပန်းကန်​၏ အတွင်းနံရံတို့ ပွတ်​တိုက်​​ပေးပါက နို့နှစ်​ကဲ့သို့ အဖြူရည်​များ ​ကြွေပန်းကန်​၏ ​အောက်​​ခြေသို့ စီးကျလာမည်​၊ ထိုသို့ စီးကြလျှင်​ အမြု​တေဥ စစ်​၏။

အဆိုပါ အဖြူနှစ်​အရည်​များကို ​ရေနှင်​​ဖျော်​၍ မျက်​စိနာခြင်း၊ မျက်​စိ​အောင့်ခြင်း၊ မျက်​စိမှုန်​ခြင်း၊ မျက်​​ကြောကိုက်​ခြင်း၊ မျက်​စိတိမ်​ကွယ်​ခြင်း များကို ​နေ့စဉ်​ နှစ်​ ကြိမ်​မျှ မျက်​စဉ်းခတ်​​ပေးခြင်းဖြင့် လျှင်​မြန်​စွာ ​ပျောက်​ကင်း​စေနိုင်​သည်​။

ဂျိုးအမြု​တေသည်​ ကျည်​မထွက်​၊ ကာယပြီး၊ လာဘ်​ရွှင်​စီးပွား တက်​​စေ​သော​ကြောင့် သိဒ္ဓိ ဝင်​ အ​ဆောင်​ ဖြစ်​​ကြောင်း ​ဖော်​ပြ​ပေးလိုက်​ရပါသည်​။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page