၂၀၂၂ ခုနှစ် မိုးရာသီမှာ ဖြစ်ပေါ်လာနိုင်မယ့် မုန်တိုင်းတွေကို ကြိုတင်ခန့်မှန်းလိုက်တဲ့ ဆရာမလေး စုစုစံ

၂၀၂၂ မိုးရာသီ

နေပြည်တော် မန္တလေးတိုင်း ရှမ်းပြည်နယ်တစ်ခုလုံး စစ်ကိုင်းတိုင်းတွေမှာ ဧပြီလမှ ဇူလိုင်လအထိ မိုးတွေရွာသွန်းနိုင်ပါတယ်။

မေလတွင် ကောလင်းခရိုင် ကသာခရိုင် ဝန်းသို ကောလင်း ပင်လည်ဘူး ဗန်းမောက်မြို့တွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး သဖန်းဆိပ်ဆည် ရေဝင်အားကောင်းပါလိမ့်မယ်။

ရွှေဘိုခရိုင် မုံရွာခရိုင် ကန့်ဘလူခရိုင် တို့တွင်လည်း မိုးရာသီစိုက်ပျိုးရေ အလုံအလောက်ရရှိအောင် မိုးရွာပါလိမ့်မယ်။ မိုးဦးစောသလို မိုးလယ်လည်း မိုးရရှိနိုင်သဖြင့် မနှစ်က မိုးမခေါင်ခဲ့သလို ၂၀၂၂ ခုနှစ်သည်လည်း မိုးမခေါင်နိုင်ပဲ မိုးကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။

ရှမ်းပြည်နယ်ကြီးသည်လည်း မိုးကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်။ မင်းဂွတ်သီးလေးရဲ့ အဝေးခန့်မှန်းချက်တွေကို ဒေသအလိုက် တင်ပေးနေမှာဖြစ်ပါတယ် ငါ့တိုင်း ငါမြို့ ငါ့ဒေသမပါလို့ဆိုပြီး စိတ်မကောက်ကြပါနဲ့ (ခန့်မှန်းချိန် ၅-၁-၂၀၂၂ ည ၉ နာရီ ၁၄ မိနစ်အချိန်)

ဧပြီမိုး

၂၀၂၂ ဧပြီလတွင် ကပ္ပလီပင်လယ်ပြင် မြန်မာပင်လယ်ပြင် အက်ဒမန်ပင်လယ်ပြင်အတွင်း လေဖိအားနိမ့်ကျသွားနိုင်ပြီး တနင်္သါရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော် မန္တလေးတိုင်းတောင်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ် ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ မိုးတွေရွာနိုင်ပါတယ်။

ဆောင်းသီးနှံနှင့် နွေစပါးရိတ်သိမ်းကြမည့်သူများ ဆားလုပ်ငန်း အုတ်လုပ်ငန်း ရေထိမခံနိုင်သော လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများ အထူးသတိထားရမည့် ဖြစ်ပါကြောင်း လဝေးခန့်မှန်းပေးလိုက်ပါတယ်။

ရက်ဝေးရက်နီးခန့်မှန်းချက်တွေကိုလည်း အချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်။ (ခန့်မှန်းချိန် ၅-၁-၂၀၂၂ ည ၁၀ နာရီ ၁၀ မိနစ်အချိန်)

မေမုန်တိုင်း

၂၀၂၂ မေလတွင် အန်ဒါမန် ကျွန်းစုများအနီး လေဖိအားနည်းလေဝဲတစ်ခုဖြစ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းအနီးကို မုန်တိုင်းငယ်လေးတစ်ခုအဖြစ်ဖြင့် ချဉ်းကပ်ရောက်ရှိနိုင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်နိုင်ပြီး ချင်းပြည်နယ် စစ်ကိုင်းတိုင်းတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်တွေမှာမိုးကြီးနိုင်ပါတယ်။

အဆိုပါမုန်တိုင်းငယ်လေးကြောင့် မုတ်သုန်လေသည် တစ်နိုင်ငံလုံးကို မေလအတွင်း လွှမ်းခြုံသွားနိုင်သဖြင့် မုတ်သုန်လေ စောစီးစွ ာဝင်ရောက်လာမယ်လို့ ဆိုရမှာဖြစ်ပါတယ်။ (ခန့်မှန်းချိန် ၅-၁-၂၀၂၂ ည ၁၀ နာရီ ၃၅ မိနစ်အချိန်)

Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page