ထိုင်ဝမ် နယ်နိမိတ်ထဲကို အမေရိကန်တပ်တွေ ဝင်လာရင် ပစ်ခတ်နှိမ်နင်းပစ်မယ်လို့ တရုတ် ကြုံးဝါး

ထိုင်ဝမ် ကျွန်းမှာ စစ်ပွဲဖြစ်ပွားလာခဲ့ပြီး အဲဒီကျွန်းကိုကာကွယ်ဖို့ အမေရိကန်က သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ စေလွှတ် ခဲ့မယ်ဆိုရင် တရုတ် တပ်ဖွဲ့တွေက တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဘေဂျင်းအစိုးရ အာဘော် မီဒီယာ ကဖော်ပြပါတယ်။

တရုတ် ရဲ့ကျူးကျော်ဝင်ရောက်မှုကို ဝါရှင်တန် အစိုးရက လုံးဝခွင့်ပြုမှာ မဟုတ်ဘူးလို့ အမေရိကန် လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ကြွေးကြော်ခဲ့ပြီးနောက် အဆိုပါ သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဟာ ထိုင်ဝမ်ကို ကာကွယ်ဖို့ ပေးဆပ်ရမှာတွေကို မတတ်နိုင်ဘူး ဆိုတဲ့အကြောင်း၊ ဆူလီဗန်အနေနဲ့ အမေရိကန်ကို မထိခိုက်စေချင်ရင် အာမချောင်သင့်ကြောင်း ရေးသားတိုက်တွန်း ထားပါတယ်။

အမေရိကန် ရဲ့ အဲဒီ ခြိမ်းခြောက်မှုထွက်ပေါ်လာပြီးနောက် တရုတ် က ထိုင်ဝမ် လေပိုင်နက်ထဲကို တိုက် လေယာဉ် ၈ စီး နူကလီးယား ဗုံးတွေတင်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ် ၂ စီးအပါအဝင် လေယာဉ် ၁၃ စီး စေလွှတ်ခဲ့ပါတယ်။

အဲဒီလေယာဉ်တွေဟာ ထိုင်ဝမ် လေကြောင်းကာကွယ်ရေးအထူးဇုန်ထဲကို သောကြာနေ့က ‌ခေတ္တခဏ ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။

အဲဒီ တရုတ် လေယာဉ်တွေကို စောင့်ကြည့်ဖို့ ထိိုင်ဝမ် လေတပ်က လေယာဉ်တွေ အလျင်အမြန် စေလွှတ်ခဲ့ရတယ်လု့ သရပါတယ်။

နိုဝင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်ကလည်း ယခုလိုပဲ တရုတ် လေယာဉ်တွေဟာ ထိုင်ဝမ် လေပိုင်နက်ထဲ ကိုရောက် ရှိ လာခဲ့သေးကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page