၅၀၀၀ တန် ငွေစက္ကူတွေ ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ရှင်းပါပြီ

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် ၅၀၀၀ ကျပ်တန်ငွေစက္ကူများ ဖျက်သိမ်းတော့မည်ဆိုသည့် သတင်းမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ဗဟိုဘဏ်ဒုဥက္ကဌထံမှ သိရပါတယ်။

နိုဝင်ဘာလ အတွင်းကလည်းက အလားတူ ၁၀၀၀၀ ကျပ်တန် နှင့် ၅၀၀၀ ကျပ်တန် ငွေစက္ကူများ ဖျက်သိမ်းမည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသော်လည်း ဟုတ်မှန်ခြင်းမရှိကြောင်း ဗဟိုဘဏ်တာဝန်ရှိသူများက ငြင်းဆိုခဲ့ဖူးပါတယ်။

ဒီဇင်ဘာလ အစပိုင်းတွင် ငွေစက္ကူရိုက်ထုတ်ရန်အတွက် စက္ကူအလွတ် တန်ချိန် ၃၀ ကျော်ကို ဥဇဘက်ကစ္စတန် လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ကို ပို့ဆောင်ခဲ့တယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြ ခဲ့ပါတယ်။

အဆိုပါ စက္ကူကိစ္စပြီးတဲ့နောက်မှာ ပိုက်ဆံတွေ ရိုက်ထုတ်ခြင်း၊ ဖျက်သိမ်းခြင်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။

ကောလာဟလတွေနဲ့အတူ ကုန်ဈေးနှုန်းတွေလည်း ကြီးမြင့်လာတဲ့ အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page