ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ ပိုင်ဆိုင်မှုနည်းလေလေ ပိုကောင်းလေ လှုပ်ရှားမှုတရပ်

ဂျပန်နိုင်ငံအတွင်း ပိုင်ဆိုင်မှု ပစ္စည်းပစ္စယ နည်းလေ ပိုကောင်းလေဆိုတဲ့ လှုပ်ရှားမှု တရပ် ခေတ်စားနေပါတယ်။ ငွေကတော့ ဒီအရေးထဲမှာ မပါဘူးလို့ ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် အယ်ဒီတာ ဖုမိအို စစခိမှာ ရှပ်အင်္ကျီ ၃ ထည်၊ ဘောင်းဘီ ၄ ထည်နဲ့ ခြေအိတ် ၄ စုံသာရှိပြီး ပိုင်ဆိုင်သမျှ ပစ္စည်း အမျိုးအမည် စုစုပေါင်း ၁၅၀ သာ ရှိတယ်လို့ ဆိုပါတယ်။

ဂျပန်ရိုးရာနဲ့ ဇင်ဗုဒ္ဓဘာသာရဲ့ အတွေးအခေါ် သြဇာလွှမ်းမှုနဲ့ ကမ္ဘာ့ ငလျင်အလှုပ်ဆုံး နိုင်ငံမှာ ပစ္စည်းတွေပြုတ်ကျမှာ စိုးရိမ်မှုကြောင့် ပစ္စည်းနည်းလေး ပိုကောင်းလေဆိုတဲ့ ဝါဒက ကျင့်ဝတ်ပုံစံ ဖြစ်လာခဲ့တာပါ။

ဂျပန်နိုင်ငံမှာ ၂၀၁၁ ငလျင်ကြောင့် လူ ၂ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။ တချိန်က စာအုပ်၊ စီဒီနဲ့ ဒီဗွီဒီ စုဆောင်းမှု ဝါသနာထုံသူ စစခိဟာ ခုတော့ ပစ္စည်း ်နည်းလေ ကောင်းလေဆိုတဲ့ လမ်းကြောင်းကို ၂ နှစ်ကြာ ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ပစ္စည်းတွေ အများကြီး စုအပြီးမှာ ကျေနပ် လာရမယ့်အစား ဘာတွေ ပျောက်ဆုံးနေလဲ ဆိုတာ တွေးနေ မိတယ်၊ ခုတော့ ရှိတာနဲ့ ကျေနပ်မှုကို ခံစားရတယ်လို့ စစခိက ပြောပါတယ်။

သူဟာ သူ့ ပိုင်ဆိုင်မှုတွေကို ရောင်းတာ ဒါမှ မဟုတ် သူငယ်ချင်းတွေကို ပေးတာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ တခြား ခံစားချက် တာသူတွေ ကလည်း သူတို့ဟာ ဘဝနေထိုင်မှု ပုံစံသစ်ကို ယူအပြီး သူငယ်ချင်း အသိုင်းအဝိုင်းပါ လျော့နည်း လာတယ်လို့ ပြောပါတယ်။ သူငယ်ချင်းတွေက ပစ္စည်းတွေ စုနေချိန်မှာ သူ့အတွက် ပစ္စည်းတွေက အမှိုက်လို ဖြစ်နေလို့ ဝေးကွာတဲ့ ခံစားချက်ကို ရတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံတွင်း ဒီအလေ့ဟာ အမေရိကန် နိုင်ငံက အဲပဲလ်ကုမ္ပဏီ တည်ထောင်သူ စတိဗ်ဂျော့စ်ဆီက အတုခိုးတာလို့ ဆိုပါတယ်။ အခုတော့ ဂျပန်နိုင်ငံထဲမှာ ပစ္စည်း အနည်းဆုံး သုံးတာ ပိုကောင်းတယ်ဆိုတဲ့ ဝါဒကို လက်ခံ ကျင့်သုံးသူ အမာခံ အယောက် ထောင်ချီနေပြီလို့ ခန့်မှန်းထားပါတယ်။ လက်ခံသူ လူဦးရေ ထောင်သောင်းချီ တိုးပွားဖို့ အလားအလာ ရှိတယ်လို့လည်း ဆိုပါတယ်။

အသက် ၄၁ နှစ်အရွယ် အလွတ်တန်း စာရေးဆရာ နအိုခိ နုမဟတ ကတော့ ပစ္စည်းတွေကို သတိထားပြီး ဖြည်းဖြည်း သုံးတဲ့ နည်းနဲ့ ပစ္စည်းသုံးမှု အရေအတွက် နည်းအောင် နေတယ်လို့ ပြောပါတယ်။ ပိုင်ဆိုင်မှုကို စွန့်လွှတ်တဲ့နည်းနဲ့ လွတ်မြောက်တဲ့ ခံစားချက်ကို ရတယ် လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page