ရွံစရာ ပုစွန်ခြောက် လုပ်နည်း ဗီဒီယိုဖိုင်မှာ လူတွေ လုံးဝ သတိမထားမိတဲ့ အချက်တချက်

အွန်လိုင်းပေါ်မှာ ဟော့ဖြစ်ခဲ့တဲ့ ရွံစရာ ပုစွန်ခြောက် လုပ်နည်း ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး လူအတော်များများမှာ ပြောစရာတွေ ရှိနေမယ် ထင်ပါတယ်။ ပုစွန်ခြောက်ကို ညစ်တီးညစ်ပတ် လုပ်နေတဲ့ပုံတွေကို မျက်ဝါးထင်ထင် မြင်ရတဲ့အခါ ပုစွန်ခြောက် အလွန် ကြိုက်တတ်ပြီး အစိမ်းစားလေ့ ရှိတဲ့သူတွေအတွက် အော့နှလုံးနာစရာတွေ ဖြစ်ခဲ့ကြပါတယ်။

မြိတ်ဒေသက ပုစွန်ခြောက် လုပ်ငန်းရှင်တွေကလည်း ပုံမှန်လုပ်ငန်းစဉ်တွေကို ဓာတ်ပုံတွေနဲ့တကွ အလျင်အမြန် ဖော်ပြခဲ့ပေမယ့်လည်း မြန်မာပြည် ပုစွန်ခြောက် ဈေးကွက်ကို အနည်းနဲ့ အများဆိုသလို ထိခိုက်သွားပြီ ဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်မှာ လူတွေ မသိသေးတဲ့ အချက်တချက်ကတော့ ဗီဒီယိုထဲမှာ ပုစွန်တွေကို တံမြက်စည်းနဲ့ လှည်းနေတဲ့ အချိန်မှာ ဝတ်ထားတဲ့ ဖိနပ်ပဲ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်က တချို့သူတွေက ပုစွန်ခြောက်လုပ်တဲ့ ဗီဒီယိုဖိုင်မှာ တံမြက်စည်းလှည်းနေတဲ့သူက ပုစွန်ခြောက်လုပ်ဖို့ သီးသန့်ထားတဲ့ ဖိနပ်ကို စီးထားတယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် ဗီဒီယိုဖိုင်တင်သူရဲ့ ဖေ့ဘုတ်ပေ့ကို ဝင်ရောက် ကြည့်ရှူတဲ့အခါမှာတော့ ပုစွန်ခြောက်လုပ်တုန်းက စီးထားတဲ့ ဖိနပ်ကိုပဲ နေရာစုံမှာ စီးထားတာကို တွေ့ရပါတယ်။ ပုံတပုံမှာတော့ လိုင်းကားကြမ်းပြင် ညစ်ပတ်တဲ့ နေရာတွေမှာ စီးထားတာကိုလည်း တွေ့ရပါတယ်။ (ပုံတွေကို နှိုင်းယှဉ်ပြထားပါတယ်)

အဲဒါကြောင့် အဆိုပါ ဖိနပ်နဲ့ပဲ ပုစွန်ခြောက်လုပ်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့တာ သေချာပါတယ်။ အဲဒါအချက်ကို သိလိုက်တာကြောင့် နဂိုကတည်းက ရွံစရာ ဖြစ်နေတဲ့ ပုစွန်ခြောက် လုပ်နည်းကို ပိုမိုစက်ဆုပ် ရွံရှာသွားပါတယ်။ “ငါးခုံးမ တကောင်ကြောင့် တလှေလုံး ပုတ်” ဆိုသလို နာမည်ကြီးချင်တဲ့သူ တယောက်ကြောင့် မြိတ်ဒေသရဲ့ ပုစွန်ခြောက် လုပ်ငန်းကြီးတခုလုံး အကြီးအကျယ် ထိခိုက်သွားပါပြီ။

လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ ထုတ်လုပ်တဲ့ပုံတွေကို ပြသပြီး ရောင်းမှသာ ရောင်းထွက်နိုင်မယ့် အခြေအနေ ဖြစ်သွားပါပြီ။ ပြည်သူတွေအနေနဲ့လည်း ပုစွန်ခြောက်ကို သံသယကင်းကင်းနဲ့ စားနိုင်ဖို့ နှစ်အတော်ကြာ အချိန်ယူရမယ့် အခြေအနေ ဖြစ်သွားပြီဆိုတဲ့အကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page