မဟာဗောဓိမြိုင်ဆရာတော်ကြီး ဦးဆောင်တည်ထားတဲ့ မင်းဘိသက်ခံစေတီရဲ့ ထူးခြားဆန်းကြယ်မှုများ
ကျွန်တော်ဒီပုံကိုတင်ဖို့ တော်တော်စဉ်းစားခဲ့ရပါတယ်။ ပထမ မတင်ဖူးဆုံးဖြတ်ထားတာပါ။ အကြောင်းကတော့ တစ်ချို့သောသူတွေ မသိနားမလည်ပဲ ဝစီကံအကုသိုလ်တွေထိုက်ကြမှာကို ကြိုတင်စိုးရွံ့မိလို့ဖြစ်ပါတယ်။
အွန်လိုင်းမှာလည်း အလင်းတန်းကျရောက်နေတဲ့ပုံတွေ ထူးခြားစွာတင်ထားကြတာ တွေ့မြင်တော့ ကျွန်တော်ကိုယ်တိုင်ရိုက်ခဲ့တဲ့ မင်းဘိသိက်ခံစေတီရဲ့ထူးခြားတဲ့ပုံတွေ ကို မတင်ပဲမနေနိုင် တင်ချင်မိလာလို့ တင်ပြလိုက်ရပါသည်။
ကျွန်တော်တို့ ၂၁ ရက်နေ့ ဇန်နဝါရီလတုန်းက မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို သွားဖူးရင်း မင်းဘိသိက်ခံ စေတီတော်ကြီးရှိရာ နတ်တလူတောရမှာ တည်းခိုခဲ့ပါတယ်။
နတ်တလူတောရကို ရောက်ရောက်ချင်း ကားပေါ်ကနေ မင်းဘိသိက်ခံစေတီတော်ကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ နောက် မင်းဘိသိက်ခံစေတီ အနီးရောက်တော့ ဓာတ်ပုံ ထပ်မံရိုက်ခဲ့ပါတယ်။ ပုံမှာမြင်တဲ့အတိုင်း စေတီတော်အထက်မှာ အလင်းရောင်လေးခု ဝန်းရံတည်နေပြီး ဒုတိယပုံမှာတော့ အလင်းရောင်လေးခုဟာ ပြန်သွားကြသလိုကွဲပြားသွားကြပါတယ်။
ဓာတ်ပုံကို ပြုပြင်ခြင်း လုံးဝပြုလုပ်မထားသောပုံများဖြစ်ကြောင်း မူလရိုက်ခဲ့တဲ့ ဓာတ်ပုံရဲ့ အချိန် နေ့ရက် နာရီများကိုပါ Screen shot ၍ တင်လိုက်ပါသည်။ ကိုယ်တိုင်ရိုက်ခဲ့သောပုံများဖြစ်ပါသည်။ ကျွန်ုပ်ကြောင့် ဝစီကံအကုသိုလ်များ မဖြစ်စေလိုပါ။
Si Thu Kyaw