မြန်မာပြည်ကို အအေးလှိုင်း ဖြတ်မယ်ဆိုတဲ့ ဂျင်းသတင်းတွေနဲ့ ပတ်သက်ပြီး ဆရာမလေး စုစုစံ ပြောပြီ

မြန်မာနိုင်ငံအတွင်း အအေးလှိုင်းဖြတ်မည်ဟုဆိုတာ မဟုတ်ဘဲ လာမည့်ဖေဖော်ဝါရီလအထိ အအေးလှိုင်း (cold wave) မရှိဘဲ ပုံမှန်ရာသီဥတုမျိုးသာ ရှိမယ်လို့ မိုးလေဝသပညာရှင်မလေး စုစုစံက ပြောကြားလိုက်ပါတယ်။

“၂၀၂၁ ဒီဇင်ဘာလမှ ၂၀၂၂ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှာ ပုံမှန်ရာသီဥတုကိုသာရရှိနိုင်ပါတယ်။ အအေးလှိုင်း (cold wave) မရှိပါဘူး။ ၂၀၂၂ New year နှစ်သစ်ကူးချိန်မှာ ပုံမှန်ဆောင်းထက် အနည်းငယ်သာ ပိုအေးစေနိုင်ပြီး ၂၀၂၂ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ ပုံမှန်ဆောင်းကိုသာရရှိစေပါလိမ့်မယ်”လို့ မိုးလေဝသပညာရှင်မလေး စုစုစံက ပြောထားပါတယ်။

အအေးလှိုင်း (cold wave) ဆိုသည်မှာ နာရီပိုင်းအတွင်း နှင်းမုန်တိုင်းတိုက်ခတ်ခြင်းနှင့် ဆီးနှင်းများကြွေကျပြီး အပူချိန် ရုတ်တရက် ရ ဒီဂရီ စင်တီဂရိတ် အထိ ထိုးကျသွားကာ အလွန်ထူးကဲတဲ့အအေးပိုစေတာမျိုးကို အအေးလှိုင်း (cold wave) လို့ ခေါ်တယ်လို့ ဆရာမလေးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အအေးလှိုင်းဖြတ်မယ်ဆိုသည့်သတင်းများ ယခု ဒီဇင်ဘာလပထမပတ်ကနေစပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဂျင်းသတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ လာနီညာဖြစ်စဉ်ပတ်သက်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားပြီး လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသောလာနီညာ အဆင့်မှာ ဆက်လက်တည်ရှိနိုင်ပြီး ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အားအနည်းငယ်ရှိသည့် လာနီညာအဆင့်ကို ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page