ကိုဗစ်သေတယ်ဆိုတဲ့ ဂျင်းလည်ဆွဲနဲ့ ဂျင်းမျိုးစုံ ကြိုက်တဲ့ ရွှေမြန်မာများ
ဂျင်းမျိုးစုံ ထည့်ခံနေရတဲ့ ရွှေမြန်မာတွေ (ဒီတခါတော့ ကိုရီးယားက ကင်ချီတွေပါ ထည့်သွားပါပြီ)
မန်းလေး က တပည့်ဟောင်းတယောက်က ပို့လာပေးတယ် ဆရာ လည်ပင်းမှာ ဆွဲထားရုံနဲ့ ဒါ ကိုဗစ် သေတယ်ဆို။
ဒေါက်တာဉာဏ် တချက်ကြည့်လိုက်တယ် ဆိုဒီယမ် ကလိုရိုက် နဲ့ စီထရစ် အက်ဆစ်ပါတဲ့ Pure O2 အနံ့ပျောက်ဆေးထုတ် ရေးထားတာတော့ WHO တို့ FDA တို့ နာဆာ တို့ စုံစိနေပြီး လူတွေ အရေပြားမှာနေတဲ့ ပိုး၄ မျိုးသေတယ် ကိုဗစ် မပါဘူး။
သူ အလုပ်လုပ်ပုံက ကလိုရင်း ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထွက်တယ် ကလိုရင်း ဒိုင်အောက်ဆိုဒ် ဆိုတာ အဓိက အစွန်းချွတ်ဆေး အဖြစ်သုံးတာ နောက်ပိုင်း မှိုသတ်ဆေး ဘက်တီးရီးယား သတ်ဆေး အနံ့ပျောက်ဆေး နဲ့ ရေကူးကန်တွေ မှာ ရေကြည်အောင် ထည့်သုံးကြတယ်။
ဒါနဲ့ FDA ရတယ် ဆိုလို့ ဝင်ကြည့်တာ US FDA က သူတို့ မပေးထားဘူး ဒါကို FDA ရတယ် ဆိုပြီး အော်တစ်ဇင် နဲ့ ကိုဗစ် ပျောက်တယ်ဆိုပြီး ဈေးကွက်ထဲ ညာရောင်းနေကြတယ် ဆိုပြီး ရေးထားတယ်။ ဈေး ရောင်းတာလည်း ရောင်းကြပေါ့ အကုသိုလ် မဖြစ်ဖို့တော့ အရေးကြီးတယ်
ဝယ်ပြီး သွားပြီဆို ရင် အဲဒီအထုတ်လေးတွေ လွှင့်ပတ်စရာတော့ မလိုဘူး အဝတ်ဘီရို ဖိနပ်စင် ရေချိုးခန်း အိမ်သာတွေ ထဲ မှာ အနံ့ ပျောက်အောင်ထားလို့ရတယ်။ WHO က အဘတဲဒရိုစ့်ကို လှမ်းပြောအုံးမှ အဘ တို့ တံဆိပ် နဲ့ ကိုဗစ် ပိုးသေဆေးရောင်းနေတယ် ဆိုပြီး
ဒေါက်တာဉာဏ်
၁၉ ဇန်နဝါရီ ၂၀၂၁
ဘန်ကောက်